နေမာအား ကိုင်တွယ်ရသည်မှာ မလွယ်ကူကြောင်း PSG နည်းပြ တူဟယ်လ် ဝန်ခံ

နေမာအား ကိုင်တွယ်ရသည်မှာ မလွယ်ကူကြောင်း PSG နည်းပြ တူဟယ်လ် ဝန်ခံ
Photos: Getty Images & Goal
Photos: Getty Images & Goal
Published 26 November 2019

PSG အသင်းနည်းပြ တူဟယ်လ်က အသင်းတိုက်စစ်မှူး နေမာအား ကိုင်တွယ်ရသည်မှာ မလွယ်ကူကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

PSG အသင်းနည်းပြ တူဟယ်လ်က အသင်းတိုက်စစ်မှူး နေမာအား ကိုင်တွယ်ရသည်မှာ မလွယ်ကူကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ကြိုးစားခဲ့ပြီး အဆင်မပြေသဖြင့် PSG အသင်းတွင် ဆက်ရှိနေခြင်းဖြစ်သည်။ 

ထို့ပြင် နေမာသည် ယခုရာသီတွင်လည်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး PSG အသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲသာ ကစားထားရသေးသည်။ 

တူဟယ်လ်က "နေမာကို ကိုင်တွယ်ရတာ မလွယ်ပါဘူး။ နေမာက စိတ်သဘောထားကြီးတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ ခက်တာက နေမာအနေနဲ့ တစ်ခါတလေ မလိုအပ်ဘဲ တမင်ကတာ ညစ်တတ်တာပါ။ ဒါက အရမ်းကို ဆိုးပါတယ်။ အဲဒီအကြောင်းနဲ့ နေမာနဲ့လည်း ကျွန်တော် ပြောဖူးပါတယ်။ ဒါပေမဲ့ နေမာက တစ်ခုခုအဆင်မပြေတော့ဘူးလို့ ထင်တာနဲ့ ဒေါသပေါက်ကွဲပြီး ညစ်တော့တာပါပဲ"ဟု ပြောကြားခဲ့သည်။ 

စပိန်မီဒီယာများ၏ ဖော်ပြမှုအရ နေမာသည် PSG အသင်း၏ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားပြီး ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ 

နေမာသည် ယခုရာသီတွင် PSG အသင်းအတွက် (၄)ဂိုးသွင်းယူထားပြီး နိုဝင်ဘာ(၂၇)ရက်တွင် ကစားမည့် ရီးယဲလ်မက်ဒရစ်နှင့်ပွဲစဉ်၌ ချန်ပီယံလိဂ်ပွဲ၌ အရန်အဖြစ်သာ ကစားရဖွယ်ရှိနေကြောင်း သိရသည်။ 

 

Most Read

Most Recent