ဖာဂူဆန်နှင့် အက်ဒ်ဝုဒ်ဝက်ဒ်တို့ ပွဲကြည့်စင်ပေါ်တွင် စကားအချေအတင်ဖြစ်ခဲ့ပြီးနောက် အက်ဒ်ဝုဒ်ဝက်ဒ်နုတ်ထွက်ရန် မန်ယူပရိသတ်များ တောင်းဆို

ဖာဂူဆန်နှင့် အက်ဒ်ဝုဒ်ဝက်ဒ်တို့ ပွဲကြည့်စင်ပေါ်တွင် စကားအချေအတင်ဖြစ်ခဲ့ပြီးနောက် အက်ဒ်ဝုဒ်ဝက်ဒ်နုတ်ထွက်ရန် မန်ယူပရိသတ်များ တောင်းဆို
Published 26 November 2019

 

မန်ယူအသင်း၏ ဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်နှင့် လက်ရှိအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ် တို့သည် ရှက်ဖီးယူနိုက်တက်အသင်းနှင့် (၃-၃)ဂိုးဖြင့် သရေ ကျခဲ့သည့်ပွဲ၌ ပွဲကြည့်စင်ပေါ်တွင် စကားအချေအတင်ဖြစ်ခဲ့ကြသည့်ပုံများ၊ ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီးနောက် မန်ယူပရိသတ်များက အက်ဒ်ဝုဒ်ဝက်ဒ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ယင်းပွဲတွင် (၂)ဂိုးရှုံးအနေအထားဖြစ်နေခဲ့ပြီးမှ (၃)ဂိုးပြန်သွင်းခဲ့ပြီး နောက်ဆုံးတွင် (၃-၃)ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။

ဖာဂူဆန်နှင့် ဝုဒ်ဝက်ဒ်တို့သည် မည်သည့်အကြောင်းအရာကို ငြင်းခုံခဲ့ကြောင်း မသိရသော်လည်း ဖြစ်နိုင်သည်မှာ ယင်းပွဲမှ ခြေစွမ်းပိုင်းအပါအဝင်၊ အသင်း၏ လတ်တလောရလဒ်ဆိုးများကြောင့် ဖြစ်နိုင်ကြောင်း The Sun သတင်းစာက ယူဆခဲ့သည်။

Daily Mail သတင်းစာက ဖော်ပြခဲ့သည့် ဓာတ်ပုံများတွင် မြင်တွေ့ရသည့်ပုံအရ ဖာဂူဆန်နှင့် ဝုဒ်ဝက်ဒ်တို့သည် အငြင်းပွားစရာကိစ္စတစ်ခုခုကို အပြန်အလှန်ပြောဆိုခဲ့ကြပြီး၊ ဝုဒ်ဝက်ဒ်မတိုင်မီ အမှုဆောင်ချုပ်ဖြစ်သလို၊ ဖာဂူဆန်နှင့် လက်တွဲညီခဲ့ဖူးသည့် အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်က ၎င်းတို့အလယ်တွင် ရှိနေသည်။

အချို့ပုံများတွင်မူ ဖာဂူဆန်က ရယ်နေသည့်အနေအ ထားကို မြင်ခဲ့ရပြီး မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ် ဝက်ဒ်မှာမူ စိတ်ဆိုးဒေါသထွက်နေသည့် ပုံစံကို မြင်တွေ့ခဲ့ ရသည်။

ယင်းဖြစ်ရပ်သည် Social Media များတွင်လည်း ပျံ့နှံ့ခဲ့ပြီး ဖာဂူဆန်နှင့် ယင်းကဲ့သို့ အချင်းများသည့်အပေါ် တွင် မန်ယူပရိသတ်များသည် ဝုဒ်ဝက်ဒ်ကို ဒေါသထွက် လျက်ရှိနေသည်။

EIF Soccer ဟု အမည်ရသည့် Twitter အကောင့်ပိုင်ရှင်က ''အက်ဒ်ဝုဒ်ဝက်ဒ်ဟာ ဖာဂူဆန်နဲ့ ငြင်းခုံ နေတယ်။ မန်ယူအသင်းအတွက်တော့ ရှက်စရာပဲ''ဟု ရေးသားခဲ့ပြီး De Gea Facts ဆိုသည့် အကောင့်ကမူ ''မန်ယူအသင်းရဲ့နံပါတ်(၁)စည်းမျဉ်းက ဖာဂူဆန်စိတ်မပျက်စေနဲ့။ ဝုဒ်ဝက်ဒ်က အခု ဒါကိုလုပ်ခဲ့တယ်။ နုတ်ထွက်လိုက်တော့''ဟုဆိုခဲ့သည်။

အခြားပရိသတ်တစ်ဦး၏ ရေးသားမှုများထဲတွင် ဟာသသဘောအမြင်မျိုးပါဝင်ခဲ့ပြီး ၎င်းတို့၏မျက်နှာအမူအရာအပေါ်မူတည်ကာ ''ဝုက်ဒ်ဝက်ဒ်က ဖီးလ်ဂျုံးစ်ကို ခင်ဗျား ခေါ်ခဲ့တာ။ ကျွန်တော်မဟုတ်ဘူးလို့ ပြောပြီး၊ ဖာဂူဆန်က မင်းက ဖရက်ဒ်ကိုခေါ်ခဲ့တယ်''ဟု ပြန်ပြောခဲ့ကြောင်း ဟာသအနေဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent