နိုင်ငံတော်အစိုးရသို့ ကုမ္ပဏီစုစုပေါင်း ၁၅၃ ခုမှ ပေးသွင်းရန်ကျန်ရှိသည့် ရွှေစင်ကျပ်သားပေါင်း ၁၃၀၀၀ ကျော်ရှိပြီး တရားစွဲဆိုရန်ဆောင်ရွက်နေသည့် ကုမ္ပဏီစုစုပေါင်း ၁၃၈ ခုရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူပြောကြား

နိုင်ငံတော်အစိုးရသို့ ကုမ္ပဏီစုစုပေါင်း ၁၅၃ ခုမှ ပေးသွင်းရန်ကျန်ရှိသည့် ရွှေစင်ကျပ်သားပေါင်း ၁၃၀၀၀ ကျော်ရှိပြီး တရားစွဲဆိုရန်ဆောင်ရွက်နေသည့် ကုမ္ပဏီစုစုပေါင်း ၁၃၈ ခုရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူပြောကြား
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမဆောင်၌ နိုဝင်ဘာ ၁၅ ရက်ကပြုလုပ်သည့် အိမ်တော်သတင်းထောက်များနှင့်တွေ့ဆုံသော သတင်းထုတ်ပြန်သည့်အခမ်းအနားကို တွေ့ရစဉ်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမဆောင်၌ နိုဝင်ဘာ ၁၅ ရက်ကပြုလုပ်သည့် အိမ်တော်သတင်းထောက်များနှင့်တွေ့ဆုံသော သတင်းထုတ်ပြန်သည့်အခမ်းအနားကို တွေ့ရစဉ်
Published 15 November 2019
နေရိုင်း၊ ဇေယျာထွန်း

နိုင်ငံတော်အစိုးရသို့ ကုမ္ပဏီစုစုပေါင်း ၁၅၃ ခုမှ ပေးသွင်းရန်ကျန်ရှိသည့် ရွှေစင် ကျပ်သားပေါင်း ၁၃၀၀၀ ကျော်ရှိပြီး တရားစွဲ ဆိုရန်ဆောင်ရွက်နေသည့် ကုမ္ပဏီစုစုပေါင်း ၁၃၈ ခုရှိကြောင်း နိုင်ငံတော်သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ရှိ သတင်းစာရှင်းလင်းခန်းမဆောင်၌ နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် အိမ်တော် သတင်းထောက်များနှင့်တွေ့ဆုံသည့် သတင်းထုတ်ပြန်သည့်အခမ်းအနားတွင် နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အ ထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သတ္ထုတွင်းဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်အစိုးရထံသို့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ  ရွှေပေးသွင်းရန်ကျန်ရှိသည့် ကုမ္ပဏီပေါင်း ၁၅၃ ခုမှ ရွှေစင်ကျပ်သားပေါင်း ၁၃၃၈၆ ဒသမ ၅၂ ရှိပြီး တရားစွဲ ဆိုရန်ဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၃၈ ခု ရှိကြောင်း ဦးဇော်ဌေးကဆိုသည်။

“ကုမ္ပဏီ ၁၇ ခု ရွှေကြွေးကျန်ထပ်နေ တော့ ရွှေကြွေးကျန်ကုမ္ပဏီစုစုပေါင်းက ၁၅၃ ခုရှိတယ်။ အဲဒါတွေလည်း ဥပဒေ ကြောင်းအရ လုပ်နေပါတယ်။ ဒီကုမ္ပဏီ (အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ) တစ်ခုတည်းတင် လုပ်တာမဟုတ်ဘူးဆိုတာ ပြောချင်တာပါ”ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် ရွှေကြွေးကျန်ကုမ္ပဏီ ၁၃၈ ခုအနက် Lawyer Notice ပေးပို့ထားပြီး တရားစွဲဆိုရန်ဆောင်ရွက်နေဆဲ ကုမ္ပဏီ ၁၀၄ ခု၊ တရားစွဲဆိုရန် Lawyer Notice ပေးပို့ ထားပြီး တရားမမှုအဆိုလွှာမူကြမ်းတင်ပြရန် ဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၆ ခု၊ တရားစွဲ ဆိုရန် ဥပဒေရုံးသို့တင်ပြပြီး ကုမ္ပဏီလေးခု၊ တရားစွဲပြီး ကုမ္ပဏီ ၁၂ နှင့် တရားရုံးမှအမိန့် ချပြီးကုမ္ပဏီ နှစ်ခုရှိကြောင်း ဦးဇော်ဌေးက ဆိုသည်။

ထို့ပြင် ၄၂/ ၆၈ ဖြင့် စာရင်းရှင်းပယ်ဖျက်မည့်ရွှေစင်ကုမ္ပဏီ ၃၂ ခုအနက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဘဏ္ဍာရေး သဘောတူညီမှုရရှိပြီး ကုမ္ပဏီ ၁၉ ခုနှင့် တိုင်းရင်းသားကော်မတီသို့ စာရင်းပယ်ဖျက်ရန် တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့်မရရှိသေးသည့် ကုမ္ပဏီ ၁၃ ခုရှိကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်သို့ရွှေစင်ကျပ်သားပေါင်း ၁၃၀၀ နီးပါး ပေးသွင်းရန် ကျန်ရှိနေသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် ရမည်းသင်း မြို့နယ်တရားရုံး၌ သတ္ထုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် တရားစွဲဆိုခံထားရပြီး အဆိုပါ တရားရုံးတွင် အချုပ်ထောင်အတွင်းမှ တရား ရင်ဆိုင်လျက်ရှိသည်။ 

Most Read

Most Recent