ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ဗယ်လ်ဗာဒီမှာ မိမိတို့အတွက် စံပြနည်းပြဖြစ်သည်ဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူ ပြောကြား

ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ဗယ်လ်ဗာဒီမှာ မိမိတို့အတွက် စံပြနည်းပြဖြစ်သည်ဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 10 November 2019

ဗယ်လ်ဗာဒီသည် ဘာစီလိုနာအသင်းတွင် ထင်မှတ်ထားသလောက်စွမ်းဆောင်နိုင်ခြင်းမရှိသည့်အတွက် ပရိသတ်များ၏ ဝေဖန်မှုကို ခံနေရသူဖြစ်သည်။ သို့သော် ဘာတိုမူက လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းကို ဦး ဆောင်ရန် ဗယ်လ်ဗာဒီမှာ အသင့်တော်ဆုံးနည်းပြဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းဥက္ကဋ္ဌဖြစ်သူ ဘာတိုမူက ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အသင်းနည်းပြ ဗယ်လ်ဗာဒီမှာ မိမိတို့အတွက် စံပြနည်းပြဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဗယ်လ်ဗာဒီသည် ဘာစီလိုနာအသင်းတွင် ထင်မှတ်ထားသလောက်စွမ်းဆောင်နိုင်ခြင်းမရှိသည့်အတွက် ပရိသတ်များ၏ ဝေဖန်မှုကို ခံနေရသူဖြစ်သည်။ သို့သော် ဘာတိုမူက လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းကို ဦး ဆောင်ရန် ဗယ်လ်ဗာဒီမှာ အသင့်တော်ဆုံးနည်းပြဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ဘာတိုမူက "ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာ လူငယ်ကစားသမားတွေကို အသင်းမှာ အသုံးပြုနေပါတယ်။ ဒီအချိန်က အသင်းရဲ့ မျိုးဆက်ကို လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်နေတဲ့အချိန်ဖြစ်ပြီး ဒီစီမံကိန်းကို ဦးဆောင်ဖို့ ဗယ်လ်ဗာဒီက စံပြနည်းပြတစ်ဦးဖြစ်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဘာတိုမူက မက်ဆီအလွန် ဘာစီလိုနာအသင်း၏ အနာဂတ်ကို တည်ဆောက်နေပြီဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ 

Most Read

Most Recent