Presidents Cup ပြိုင်ပွဲအတွက် တိုက်ဂါးဝုဒ် မိမိကိုယ်ကိုယ်ရွေးချယ်

Presidents Cup ပြိုင်ပွဲအတွက် တိုက်ဂါးဝုဒ် မိမိကိုယ်ကိုယ်ရွေးချယ်
Photos: Getty Images
Photos: Getty Images
Published 10 November 2019

တိုက်ဂါးဝုဒ်သည် အမေရိကန်အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ပုံမှန်အားဖြင့် အသင်းခေါင်းဆောင်တစ်ဦးသည် ကိုယ်တိုင်ယှဉ်ပြိုင်ကစားခွင့်မရှိသော်လည်း ၎င်းက Wildcard ဖြင့် ကစားသမား လေးဦး ရွေးချယ်ရာတွင် မိမိအမည်ကိုပါ ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

နာမည်ကြီး အမေရိကန်ဂေါ့ဖ် ကစားသမား တိုက်ဂါးဝုဒ်သည် ဒီဇင်ဘာလအတွင်း ကျင်းပမည့် Presidents Cup ပြိုင်ပွဲအတွက် မိမိကိုယ်ကိုယ် ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။

အမေရိကန်အသင်းနှင့် နိုင်ငံတကာအသင်းတို့ ယှဉ်ပြိုင်ကစားရသည့် Presidents Cup ပြိုင်ပွဲကို ၁၉၉၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခုနှစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

တိုက်ဂါးဝုဒ်သည် အမေရိကန်အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ပုံမှန်အားဖြင့် အသင်းခေါင်းဆောင်တစ်ဦးသည် ကိုယ်တိုင်ယှဉ်ပြိုင်ကစားခွင့်မရှိသော်လည်း ၎င်းက Wildcard ဖြင့် ကစားသမား လေးဦး ရွေးချယ်ရာတွင် မိမိအမည်ကိုပါ ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ တိုက်ဂါးဝုဒ်သည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ကိုယ်တိုင်ပါဝင်ကစားသည့် ဒုတိယမြောက် အသင်းခေါင်းဆောင်ဖြစ်လာပြီး ၎င်းနှင့်အတူ ပက်ထရစ်ရိဒ်၊ ဂယ်ရီဝုဒ်လန်း၊ ဖီနာအူတို့လည်း Wildcard ဖြင့် ယှဉ်ပြိုင်ရန် ရွေးချယ်ခံရကြောင်းသိရသည်။

Most Read

Most Recent