လီဗာပူးလ်အသင်းကို ရှုံးနိမ့်လျှင်ပင် ချန်ပီယံတိုက်ပွဲ အဆုံးသတ်သွားမည်မဟုတ်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ သုံးသပ်

လီဗာပူးလ်အသင်းကို ရှုံးနိမ့်လျှင်ပင် ချန်ပီယံတိုက်ပွဲ အဆုံးသတ်သွားမည်မဟုတ်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 10 November 2019

လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့၏ ပွဲကို အန်ဖီးလ်ကွင်း၌ ယနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယခုပွဲမတိုင်မီ လီဗာပူးလ်အသင်းက ခြောက်မှတ်အသာဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ 

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယနေ့ကစားရမည့်ပွဲတွင် လီဗာပူးလ်အသင်းကို ရှုံးနိမ့်လျှင်ပင် ချန်ပီယံတိုက်ပွဲအဆုံးသတ်သွားမည်မဟုတ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့၏ ပွဲကို အန်ဖီးလ်ကွင်း၌ ယနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယခုပွဲမတိုင်မီ လီဗာပူးလ်အသင်းက ခြောက်မှတ်အသာဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ 

မန်စီးတီးအနေဖြင့် အန်ဖီးလ်ကွင်းမှတ်တမ်းဆိုးကို ချိုးဖျက်၍ အနိုင်ရပါက ရမှတ်ကွာဟမှုကို သုံးမှတ်အထိ လျှော့ချနိုင်မည်ဖြစ်သော်လည်း ရှုံးနိမ့်ပါက ကိုးမှတ်အထိ ပြတ်သွားမည်ဖြစ်သည်။ သို့သော် ဂွါဒီယိုလာက "ချန်ပီယံတိုက်ပွဲဆိုတာ နိုဝင်ဘာမှာ ဘယ်တော့မှမပြီးဆုံးပါဘူး။ တကယ်လို့ ကျွန်တော်တို့သာ ရှုံးနိမ့်ခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ သိပါတယ်။ အဲဒီ အခါကျရင် ချန်ပီယံတိုက်ပွဲကပြီးသွားပြီလို့ အားလုံးက ပြောကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပွဲတွေအများကြီးကစားရဖို့ ကျန်ပါသေးတယ်။ အားကစားလောကမှာ ဖြတ်သန်းဖူးတဲ့အတွေ့အကြုံအရ နောက်ဆုံးအချိန်အထိ ရင်ဆိုင်တိုက်ပွဲဝင်ဖို့ လိုပါတယ်။ တနင်္ဂနွေနေ့ပွဲအပြင် တခြားပွဲတွေအတွက် ကျွန်တော်လိုချင်တဲ့အရာက အဲဒါပါပဲ။ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ တစ်ပွဲပဲ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီမှာလည်း ရှုံးပွဲမရှိသေးပါဘူး။ အဲဒီလိုအသင်းမျိုးနဲ့ရင်ဆိုင်ရတာ ပိုပြီး တော့ခက်ခဲမှာပါ။ သူတို့အနေနဲ့ ပွဲတွေအများကြီး ရှုံးနိမ့်မှာမဟုတ်ဘူးဆိုတာ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့ ရာသီတစ်ခုဆိုတာ အချိန်အကြာကြီးပါပဲ။ အဖြစ်အပျက်တွေလည်း အများကြီးဖြစ်သွားနိုင်ပါတယ်" ဟု ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ကြွက်သားဒဏ်ရာရရှိထားသည့် ဂိုးသမား အီဒါဆန်အနေဖြင့် ယခုပွဲကိုလွဲ ချော်မည်ဖြစ်ကြောင်း ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သည်။ "တနင်္ဂနွေနေ့ပွဲမှာ သူ ကစားနိုင်မှာ မဟုတ်ပါဘူး" ဟု ၎င်းင်းက ဆို သည်။ အီဒါဆန်သည် နိုဝင်ဘာ ၆ ရက်က အတ္တလန္တာအသင်းနှင့်ကစားသည့် ချန်ပီယံ လိဂ်ပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးတွင် ချီလီလက်ရွေးစင်ဂိုးသမား ဘရာဗိုနှင့် လူစားလဲခဲ့ရသည်။ ဘရာဇီးလ်လက်ရွေးစင် အီဒါဆန်သည် ယခုရာသီ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပွဲအားလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရထားသူဖြစ်ရာ ၎င်းမပါနိုင်ခြင်းမှာ မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့သည်။

 

Most Read

Most Recent