၎င်းသည် ကစားသမားဘဝကတည်းက ပွဲကစားမည့်နေ့ နံနက်ပိုင်းတွင် ခွေးမကလေး "မင်နီ" နှင့် လမ်းလျှောက်ထွက်လေ့ရှိပြီး ကြာမြင့်ချိန်နှင့် သွားရာလမ်းကြောင်းမှာလည်း တစ်သတ်မှတ်တည်းဖြစ်သည်ဟု ဆို သည်။ ထို့နောက် လေ့ကျင့်ရေးခန်းမသို့သွားရောက်၍ မိနစ် ၅၀ ကြာ စက်ဘီးစီးနင်းသလို ပွဲမတိုင်မီ Pasta (အီတလီခေါက်ဆွဲ) ကိုသာ ပုံမှန်စားသောက်လေ့ရှိကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က မိမိသည် အစွဲအလမ်းကြီးသူဖြစ်ပြီး ပွဲမတိုင်မီ ပုံမှန်ပြုလုပ်လေ့ရှိသည့်အမူအကျင့်များက ရလဒ်ပိုင်းအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

၎င်းသည် ကစားသမားဘဝကတည်းက ပွဲကစားမည့်နေ့ နံနက်ပိုင်းတွင် ခွေးမကလေး "မင်နီ" နှင့် လမ်းလျှောက်ထွက်လေ့ရှိပြီး ကြာမြင့်ချိန်နှင့် သွားရာလမ်းကြောင်းမှာလည်း တစ်သတ်မှတ်တည်းဖြစ်သည်ဟု ဆို သည်။ ထို့နောက် လေ့ကျင့်ရေးခန်းမသို့သွားရောက်၍ မိနစ် ၅၀ ကြာ စက်ဘီးစီးနင်းသလို ပွဲမတိုင်မီ Pasta (အီတလီခေါက်ဆွဲ) ကိုသာ ပုံမှန်စားသောက်လေ့ရှိကြောင်း သိရသည်။

"တကယ်လို့ အဲဒါတွေသာမလုပ်ဘူးဆိုရင် ကျွန်တော်တစ်ခုခုတော့ ခံစားနေရလိမ့်မယ်။ အဲဒီအရာတွေက ရလဒ်ပိုင်းအပေါ် သက်ရောက်မှုရှိနေတယ်လို့ပြောရင် ရယ်စရာတော့ကောင်းလိမ့်မယ်။ ကျွန်တော်က ကစား သမားဘဝကတည်းက အဲဒီလိုလုပ်ခဲ့တာပါ။ ကျွန်တော်တို့အသင်း (ချယ်လ်ဆီး) အဝတ်လဲခန်းထဲမှာတော့ ဒါတွေက သိပ်မထူးဆန်းပါဘူး။ ဂျွန် (တယ်ရီ) က ခန္ဓာကိုယ်ကြီးထွားလာအောင် အရမ်းလုပ်တယ်။ ကျွန်တော်လည်း လေ့ကျင့်ရေးခန်းမကိုသွားရတာ သဘောကျပါတယ်။ ခွေးနဲ့လမ်းလျှောက်ရတာ၊ ပွဲမတိုင်ခင် Pasta စားရတာကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့် အဲဒီကိစ္စတွေကို အမြဲတမ်းလုပ်ဖြစ်ပါတယ်။ လေ့ကျင့်မှုမလုပ်သေးခင် ကျွန်တော်နဲ့ သူ (ခွေးမလေး) လမ်းလျှောက်တယ်။ လမ်းလျှောက်တဲ့အချိန်ရော သွားတဲ့နေရာပါ အားလုံးက အတိအကျပါပဲ။ သူ့ကို မြို့ထဲက ကော်ဖီဆိုင်ခေါ်သွားတယ်။ ကော်ဖီဝယ်ပြီးရင် လမ်းပတ်လျှောက်တယ်။ ပြီးသွားရင် အိမ်ကိုပြန်လျှောက်လာတယ်။ ပြီးတော့မှ လေ့ကျင့်မှုလုပ်တာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

လမ်းပတ်မတိုင်မီ ကိုင်တွယ်ခဲ့သည့် ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဆာရီမှာလည်း ယင်းကဲ့သို့ ထူးခြားသည့်အပြုအမူများ ပြုလုပ်လေ့ရှိပြီး ပွဲတစ်ပွဲအနိုင်ရပါက ဆံပင်ညှပ်လေ့ရှိသလို ပွဲအပြီးတွင် ကွင်းအတွင်းသို့ ဝင်ရောက်လေ့မရှိကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီအစပိုင်းတွင် အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း စက်တင်ဘာနောက်ဆုံးပတ်မှစတင်ကာ နိုဝင်ဘာလအတွင်း ပြိုင်ပွဲစုံ ၁၁ ပွဲယှဉ်ပြိုင် ကစားရာ ရှစ်ပွဲအထိ အနိုင်ရပြီး တစ်ပွဲသရေ၊ တစ်ပွဲသာ ရှုံးနိမ့်ခဲ့သည်။