ညအိပ်လေ့ကျင့်မှုပြုလုပ်ရန် ညွှန်ကြားမှုကို မလိုက်နာသဖြင့် ပြဿနာဖြစ်ပွားနေသည့် နာပိုလီအသင်းကစားသမားများသည် နိုဝင်ဘာ ၈ ရက်တွင် လေ့ကျင့်မှုပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။
နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်သည် ရလဒ်ပိုင်းကျဆင်းမှုကြောင့် ကစား သမားများအား နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက် အထိ နေအိမ်သို့မပြန်စေဘဲ လေ့ကျင့်ရေး ကွင်း၌သာ ညအိပ်လေ့ကျင့်မှုပြုလုပ်ရန် ညွှန် ကြားထားသည်။
သို့သော် ကစားသမားများ သည် နိုဝင်ဘာ ၅ ရက်က ဆာလ်ဇ်ဘာ့ဂ် အသင်းနှင့် ချန်ပီယံလိဂ်ပွဲအပြီးတွင် နေအိမ် သို့ပြန်သွားသဖြင့် ကလပ်အသင်းက ၎င်းင်းတို့ ကို အရေးယူမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကစားသမားများသည် ညအိပ်လေ့ကျင့်မှု ပြန်လည်ပြုလုပ်မည် ဖြစ်သော်လည်း ဂျီနိုအာနှင့်ပွဲမတိုင်မီ တစ်ညတည်းသာဖြစ်ကြောင်း သိရသည်။