အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံထားရသည့်ကိစ္စနှင့်ပတ်သက်၍ မိမိတို့ဘက်မှ အမှားအယွင်းဖြစ်သွားခြင်းကြောင့် ၎င်းအတွက် အန္တရာယ်ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြောကြား

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံထားရသည့်ကိစ္စနှင့်ပတ်သက်၍ မိမိတို့ဘက်မှ အမှားအယွင်းဖြစ်သွားခြင်းကြောင့် ၎င်းအတွက် အန္တရာယ်ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြောကြား
Published 9 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံထားရသည့်ကိစ္စနှင့်ပတ်သက်၍ မိမိတို့ဘက်မှ အမှားအယွင်းဖြစ်သွားခြင်းကြောင့် ၎င်းအတွက် အန္တရာယ်ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့  တက်ရောက်ရန် လွှတ်တော်သို့ ရောက်ရှိလာစဉ် သတင်းထောက်များက အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံ ထားရသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယ က ဦးထွန်းထွန်းဟိန်က အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“အန်ကယ်တို့က လွှတ်တော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့ လွှတ်တော်မှာ တာဝန်ရှိတာပေါ့။ အဲဒီတော့ အဘက်ဘက်က စဉ်းစားရပါတယ်။ သူ့ရဲ့တာဝန်တွေကို စဉ်းစားရသလို သူ့ရဲ့လုံခြုံရေးကိုလည်း စဉ်းစားရပါတယ်။ ဒီလိုစဉ်းစားတဲ့ အခါကျတော့ အန်ကယ်တို့ဘက်က တစ်ခုခု အမှားအယွင်းဖြစ်သွားလို့ သူ့အတွက် အန္တ ရာယ်ဖြစ်သွားမှာလည်း စိုးရိမ်ပါတယ်။ အန် ကယ်တို့က အမြဲတမ်း အချိန်နဲ့အမျှ အမြဲ စောင့်ကြည့်နေပါတယ်။ သူ့ရဲ့ အန္တရာယ်ဆုံး ရှုံးလို့ရှိရင် သူနဲ့သက်ဆိုင်တဲ့ မြို့သူမြို့သား၊ မဲဆန္ဒရှင်တွေရဲ့အကျိုးကိုလည်း အန်ကယ် တို့ အမြဲစဉ်းစားပါတယ်။ အဘက်ဘက်ကို အန်ကယ်တို့စဉ်းစားပါတယ်”ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

 သက်ဆိုင်ရာအဖွဲ့အစည်းကို မည်သို့ သတင်းစကားပြောချင်သနည်းဆိုသည့် သ တင်းထောက်တစ်ဦး၏ မေးမြန်းမှုကို “သက်ဆိုင်ရာအဖွဲ့အစည်းဆိုတာ AA ကိုပြောတာလား။ အန်ကယ်တို့က ဥပဒေရှိတဲ့အဖွဲ့အ စည်းပါ။ ဥပဒေထဲမှာ နေရတဲ့အဖွဲ့အစည်း ပါ။ အန်ကယ်တို့အနေနဲ့က ခုနကပြောသလို AA ကို အန်ကယ်တို့ ဘယ်လိုသွားပြောလို့ ဖြစ်မှာလဲ။ အန်ကယ်တို့ကိုယ်တိုင်ကိုယ်ကချိုးဖောက်လို့မရပါဘူး။ အန်ကယ်တို့ သေချာစောင့်ပြီးတော့ သတိထားပြီး ကြည့်နေပါ တယ်”ဟု ဦးထွန်းထွန်းဟိန်က ပြန်လည်ဖြေ ကြားသည်။

 ဆက်လက်၍ “သူ့ရဲ့အသက်အန္တရာယ် ကိုလည်း ပူပါတယ်။ အလေးထားပြီးဆောင်ရွက်နေပါတယ်။  အန်ကယ်တို့ဘက်က အထူးသဖြင့် အန်ကယ်တို့ဘက်က အမှားအယွင်းကြောင့် တစ်ခုခုဖြစ်သွားမှာကို အန်ကယ်တို့ အလွန်စိုးရိမ်ပါတယ်”ဟု ဦးထွန်းထွန်းဟိန် က ပြောကြားသည်။

 လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ယခုလိုဖမ်းဆီးခြင်းမျိုးသည် ပထမဦးဆုံးအ ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း ဦးထွန်း ထွန်းဟိန်က ပြောကြားသည်။

 အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပျောက်ဆုံးခြင်းသည် နိုင်ငံတော်၏လုံခြုံရေးကို ထိပါးခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌတို့ ပူးပေါင်း၍ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ပြည်သူ့လွှတ်တော် လွှတ်တော် အခွင့်အရေးကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောကြားထားသည်။

 

 

 

Most Read

Most Recent