အာဆင်နယ်နည်းပြသစ်အဖြစ် ဘရန်ဒန်ရော်ဂျာကို ခန့်အပ်သင့်ဟု ပေါလ်မာဆင် မှတ်ချက်ပြု

အာဆင်နယ်နည်းပြသစ်အဖြစ် ဘရန်ဒန်ရော်ဂျာကို ခန့်အပ်သင့်ဟု ပေါလ်မာဆင် မှတ်ချက်ပြု
Photos: Getty Images
Photos: Getty Images
Published 6 November 2019

ဘရန်ဒန်ရော်ဂျာသည် ယခုရာသီတွင် လက်စတာအသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးထားပြီး သူ၏အသင်းမှာ ပရီးမီးယားလိဂ်အသင်းကြီးများဖြစ်သည့် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူ၊ စပါးအသင်းတို့၏ အထက် အဆင့်(၃)နေရာတွင် ရပ်တည်နေသည်။

 

အာဆင်နယ်အသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ပေါလ်မာဆင်က အာဆင်နယ်အသင်းအနေဖြင့် အသင်းနည်းပြ အူနိုင်းအမ်မရီ၏နေရာတွင် နည်းပြသစ်တစ်ဦးဦးဖြင့် အစားထိုးမည်ဆိုပါက လက်စတာအသင်း နည်းပြ ဘရန်ဒန်ရော်ဂျာကို စဉ်းစားသင့်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ 

ဘရန်ဒန်ရော်ဂျာသည် ယခုရာသီတွင် လက်စတာအသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးထားပြီး သူ၏အသင်းမှာ ပရီးမီးယားလိဂ်အသင်းကြီးများဖြစ်သည့် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူ၊ စပါးအသင်းတို့၏ အထက် အဆင့်(၃)နေရာတွင် ရပ်တည်နေသည်။

ပေါလ်မာဆင်က အာဆင်နယ်အသင်းအနေဖြင့် နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ လက်စတာကို ရှုံးနိမ့်ခဲ့ပါက အူနိုင်းအမ်မရီ၏ အနာဂတ်မှာ အပြောင်းအလဲဖြစ်သွားနိုင်သည်ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။

 

Most Read

Most Recent