အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအစည်းအဝေး တစ်ခုဖြစ်သော အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကောင်စီအစည်းအဝေး (ACC) ကျင်းပ

အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအစည်းအဝေး တစ်ခုဖြစ်သော အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကောင်စီအစည်းအဝေး (ACC) ကျင်းပ
Published 2 November 2019

အာဆီယံထိပ်သီး အစည်းအဝေးပွဲနှင့် ဆက်စပ်အစည်းအဝေး တစ်ခုဖြစ်သော အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကောင်စီအစည်းအဝေး(ACC)ကို ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့တွင် နိုဝင်ဘာ ရက်ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင် တက်ရောက် ဆွေးနွေးခဲ့သည်။

၂၄ ကြိမ်မြောက် အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကောင်စီအစည်းအဝေး (ACC) ကို ၃၅ ကြိမ်မြောက်  အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ ပြုလုပ်နေသော IMPACT ARENA ရှိ IMPACT FOURM SAPPHIRE 203 တွင် နိုဝင်ဘာ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ACC အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွဒ်ဝီနိုင်းက အဖွင့်အမှာစကား ပြောကြားပြီး ဦးဆောင်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များစတဲ့ အကြောင်းအရာတွေမှာ လူထုဗဟိုပြု အာဆီယံ အသိုက်အဝန်းအတွက် အခုလို ညှိနှိုင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ဒီကနေပဲ အာဆီယံရဲ့ အနာဂတ် မျှော်မှန်းချက်များကို တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အခု ACC အစည်းဝေးတွေရဲ့ အဆုံးပိုင်းမှာ ကမ္ဘာ့ဘဏ်က ကိုယ်စားလှယ် တစ်ဦးကလည်း  ကျွန်တော်တို့နဲ့ ဒေသတွင်း ချိတ်ဆက်မှုတွေ ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်’’ ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကပြောကြားသည်။

ထို့ပြင် အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကောင်စီအစည်းအဝေးမှ ဒေသတွင်း အကြောင်းအရာ မျိုးစုံအပေါ် ဆွေးနွေးသွားပြီး အာဆီယံအတွက် ကောင်းမွန်တဲ့ အခွင့်အလှမ်းတွေ အမြဲတမ်း ဖန်တီးနိုင်ပါလိမ့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွဒ်ဝီနိုင်းက ပြောကြားသည်။

အဆိုပါ ACC အစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အခြားဒေသတွင်း အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ အဓိက တက်ရောက်ခဲ့သည်။

 

Most Read

Most Recent