အုပ်စိုးသူအလိုကျ တစ်ဖက်သတ်ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုသည်မှာ ဒီမိုကရေစီအခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်မပေးစွမ်းနိုင်သကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်မှုကိုလည်း တည်ဆောက်နိုင်ခြင်းမရှိကြောင်းကို အတိတ်သမိုင်းက ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ABSDF ထုတ်ပြန်

အုပ်စိုးသူအလိုကျ တစ်ဖက်သတ်ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုသည်မှာ ဒီမိုကရေစီအခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်မပေးစွမ်းနိုင်သကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်မှုကိုလည်း တည်ဆောက်နိုင်ခြင်းမရှိကြောင်းကို အတိတ်သမိုင်းက ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ABSDF ထုတ်ပြန်
Published 2 November 2019

အုပ်စိုးသူ အလိုကျ တစ်ဖက်သတ် ရေးဆွဲခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုသည်မှာ ဒီမိုကရေစီအခွင့် အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အာမခံချက်ပေးနိုင်စွမ်းမရှိသကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်သည့် အခြေအနေကို လည်း တည်ဆောက်နိုင်ခြင်း မရှိကြောင်းကို အတိတ်သမိုင်းက ဖော်ပြခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က နိုဝင် ဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း ၃၁ နှစ်မြောက် ထုတ်ပြန်ကြေညာချက်တွင် (ABSDF) က အထက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ဆယ်စုနှစ်သုံးစုအတွင်း ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး ရေစီးကြောင်း များ ၊ ပထဝီနိုင်ငံရေးအခြေအနေများ၊ နိုင်ငံတွင်း ပကတိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် မဟာမိတ်တိုင်းရင်းသား လူမျိုးများအရေးအခြေအနေများမှာ အရှိန်အဟုန်ဖြင့် ပြောင်းလဲခဲ့ကြောင်း (ABSDF) က ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထိုအခြေအနေများ အောက်တွင် (ABSDF) အနေဖြင့် လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ်သုံးရပ်ကို ချမှတ်ခဲ့ပြီး ၎င်းတို့ မှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ရှိသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအပါအဝင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တစ်ရပ် ပေါ်ထွန်းရေးတို့ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ကြီးမှ ပေါက်ဖွားလာခဲ့သော (ABSDF) သည်  (၃၁) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ လက်တွေ့ဖြတ်သန်းနေရသည့် ခေတ်စနစ် တို့၏ ပြဋ္ဌာန်းတောင်းဆိုချက်များနှင့်အညီ (ABSDF) အနေဖြင့် ပကတိလက်တွေ့လို အပ်နေသည့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန် ရေးတိုက်ပွဲပုံသဏ္ဌာန်များကို အခြားသော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲရုန်းကန်ဆင်နွှဲခဲ့ကြပြီး တပ်ဦး အလံတော်ကို အခိုင်မာဆုံး အမြင့်မားဆုံးလွှင့်ထူထားနိုင်ခဲ့ကြောင်း (ABSDF) က ကြေညာချက်ထုတ်ပြန်သည်။

အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးဆိုသည့် (ABSDF)၏ ဦးတည်ချက် လေးရပ်အတွက် အသက်၊ သွေး၊ ဘဝများစွာနှင့် ရင်းနှီးပေးဆပ်ခဲ့ကြသည့် သမိုင်းတစ်ခုအဖြစ် မှတ်တမ်း တင်ဂုဏ်ပြုတန်ဖိုးထားရမည်ဖြစ်ကြောင်း (ABSDF) က ထုတ်ပြန်ကြေညာသည်။

(ABSDF) အနေဖြင့် ဦးတည်ချက်လေးရပ် အောင်မြင်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်၊ ဘဝပေးဆပ်ခဲ့ကြသူများအပေါ် ကတိသစ္စာပြုလျက် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ကျရာအခန်းကဏ္ဍမှ တက်ကြွ စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် (ABSDF) ၏ တော်လှန်ရေး တိုက်ပွဲသမိုင်းသည် တိုင်းရင်းသား လူမျိုးစုံ ပြည်သူလူထုလိုလားတောင်းဆိုနေသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးမျှော်မှန်းချက်နှင့် ထပ်တူထပ်မျှ တစ်ဆက်တစ်စပ်တည်း ဖြစ်ပေါ်ခဲ့သည့် သမိုင်းတစ်ခုဖြစ်သည် ကို အလေးအနက် ထပ်လောင်းဖော်ပြလို ကြောင်း (ABSDF) က ကြေညာသည်။

နှစ်ပေါင်း သုံးဆယ်ကျော်ဖြတ်သန်း ရင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် အတိတ်၏ သင်ခန်းစာများကို ရယူကာ အနာဂတ်ခရီး အတွက် ခြေလှမ်းသစ်များကို အားသစ် လောင်းရင်း ၂၁ ရာစု၏ ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းနေရဆဲဖြစ်ကြောင်း (ABSDF) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent