သီလဝါ အထူးစီးပွားရေးဇုန်(B) ၌ တိုယိုတာ ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် မြေပန္နက်တင် အခမ်းအနား ကျင်းပ

သီလဝါ အထူးစီးပွားရေးဇုန်(B) ၌ တိုယိုတာ ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် မြေပန္နက်တင် အခမ်းအနား ကျင်းပ
တိုယိုတာမြန်မာ ကုမ္ပဏီလီမီတက် (TMY) ၏ စက်ရုံသစ် စတင်တည်ဆောက်မည့်မြေနေရာအား တွေ့ရစဉ်
တိုယိုတာမြန်မာ ကုမ္ပဏီလီမီတက် (TMY) ၏ စက်ရုံသစ် စတင်တည်ဆောက်မည့်မြေနေရာအား တွေ့ရစဉ်
Published 1 November 2019
ရွှန်းလဲ့ဝင်း

ဂျပန်နိုင်ငံ တိုယိုတာမော်တော်ကော် ပိုရေးရှင်း၏ မြန်မာနိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်မှုကုမ္ပဏီဖြစ်သည့် တိုယိုတာ မြန်မာကုမ္ပဏီလီမီတက် (TMY) ၏ စက်ရုံသစ် စတင်တည်ဆောက်ခြင်း ပန္နက်တင် အခမ်းအနားကို သီလဝါအထူးစီးပွားရေးဇုန် (B) တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုယိုတာမော်တော်ကော်ပိုရေးရှင်း (တိုယိုတာ)အနေဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာကုမ္ပဏီလီမိ တက် (Toyota Myanmar Co., Ltd TMY) ကို ဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်း၌ Toyota Hilux အမျိုးအစားမော် တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံတွင် လာရောက်အခြေစိုက်ပြီး တာဝန်ယူလုပ်ဆောင်မှုရှိတဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုအနေနဲ့ ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းမှတစ်ဆင့် အရည်အသွေးမြင့်မော်တော်ယာဉ်တွေကို ဝယ်ယူသုံးစွဲသူတွေဆီ အချိန်နဲ့တစ်ပြေးညီ ရောက်အောင် ထုတ်လုပ်ဖြန့်ဖြူးပေးမှာဖြစ် ပြီး တိုယိုတာအနေနဲ့ မြန်မာနိုင်ငံစီးပွားရေး နဲ့ မြန်မာ့လူ့အဖွဲ့အစည်းကိုလည်း တစ်ပြိုင် နက်ဖွံ့ဖြိုးတိုးတက်စေလိုပါတယ်။ ဒီတိုယိုတာ ထုတ်လုပ်ရေးစက်ရုံအသစ် တည်ဆောက် ရေးလုပ်ငန်းအတွက် အဘက်ဘက်က ပံ့ပိုး ကူညီပေးခဲ့တဲ့ မြန်မာအစိုးရနဲ့ တခြားသော ပါဝင်ပတ်သက်ဆက်နွှယ်သူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်” ဟု တိုယိုတာမော် တော်ကော်ပိုရေးရှင်း၊ တရုတ်နှင့် အာရှဒေသဆိုင်ရာ ဒုတိယအမှုဆောင်အရာရှိချုပ် Mr.Suumu Matsuda က ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် (B) ၌ တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားခြင်းဖြစ်ပြီး လာမည့်၂၀၂၀ သြဂုတ်လ မှစတင်ကာ စက်ရုံတည်ဆောက်မှုပြီးစီးပြီး Operation လုပ်ငန်းများ စတင်နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

“Myanmar-Japan Thilawa Development ကုမ္ပဏီအနေနဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ Development အနေနဲ့သာ မဟုတ်ဘဲ SEZ တစ်ခုလုံးကို အော်ပရေးရှင်းလုပ်ကိုင်ပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း လုပ်ကိုင်နေပါတယ်။ MJTD အနေနဲ့ သီလဝါ SEZ မှာ အကောင်အထည်ဖော်သွားမယ့် မြေဧက ၂၄၀၀ ဟက်တာရှိပါတယ်။ ဇုန် (A) ၄၀၅ ဟက်တာရှိပြီး ပထမဆုံးအကောင်အထည်ဖော်ခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။ အခုဆို ရင် ဇုန် (A) ပြီးသွားတော့ ဇုန် (B) ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။  ဇုန် (B) ကို အကောင်အထည်ဖော်တဲ့ နေရာမှာ Phase by Phase အပိုင်းလိုက်ခွဲခြားပြီး အကောင်အထည်ဖော်နေပါတယ်။ ဒီဇုန် (B) မှာ ဂျပန်နိုင်ငံက တိုယိုတာကုမ္ပဏီကလည်း ဒီဇုန် (B) မှာ အကောင်အထည် ဖော်ဖို့ မြေ ၂၁ ဟက်တာကို ရယူထားပြီးဖြစ် ပါတယ်” ဟု Myanmar-Japan Thilawa Development ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက ပြောကြားသည်။

တိုယိုတာက ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ် မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုယိုတာမြန်မာ (TMY) စက်ရုံအား ရန်ကုန်မြို့တောင်ဘက်ရှိ သီလဝါအထူးစီး ပွားရေးဇုန်အတွင်း တည်ဆောက်သွားမည် ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ် ကြောင်း၊ လုပ်သားအင်အား ၁၃၀ ခန့်အပ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ကုန်ထုတ်လုပ်ငန်းများ စတင် ဆောင်ရွက်သည့်အချိန်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD(Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

တိုယိုတာမြန်မာ(TMY) တွင် အစုရှယ်ယာပါဝင်မှုအနေဖြင့် Toyota Motor Corporation မှ ၈၅ ရာခိုင်နှုန်း၊ Toyota Tsusho Corporation မှ ၁၅ ရာခိုင်နှုန်း ပါဝင်ထားသည်။

 

 

Most Read

Most Recent