မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ဆက်လက်အားပေး ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ဆက်လက်အားပေး ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ပြောကြား
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီးတို့ အောက်တိုဘာ ၂၉ ရက်က တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီးတို့ အောက်တိုဘာ ၂၉ ရက်က တွေ့ဆုံစဉ်
Published 30 October 2019

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် ဆက်လက်အားပေး ထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell က ပြောကြားသည်။

နေပြည်တော်တွင် အောက်တိုဘာ ၂၉ ရက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံရာတွင် လက်ထောက်ဝန်ကြီး စတေးဝဲလ်က မြန်မာနိုင်ငံ၏ မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ထောက်ခံနေမှု အကြောင်းကို အထူးအလေးပေး ပြောကြားခဲ့ပြီး ဒေသအတွင်း ပိုမိုသာယာ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ အကြောင်းကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ တွေ့ဆုံမှုအတွင်း မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာ-အမေရိကန် မိတ်ဖက် အစည်းအဝေးအား နှစ်ဖက်အဆင်ပြေမည့်အချိန်တွင် ကျင်းပသွားရေး၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မြှင့်တင်သွားရေး၊ ရခိုင်ပြည်နယ် နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေနှင့် အာဆီယံ (ASEAN)၊ ဧရာဝတီ - ကျောက်ဖယား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS)၊ မဲခေါင်မြစ်အောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (LMI) အပါအဝင် ဒေသတွင်း အဖွဲ့အစည်းများ၌ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းနေ့၌ပင် လက်ထောက်ဝန်ကြီး စတေးဝဲလ် အနေဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မတွေ့ဆုံမီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် လက်ထောက်ဝန်ကြီး စတေးဝဲလ်က ရခိုင်ပြည်နယ် အကျပ်အတည်းကို အတူတကွ ဖြေရှင်းရေး၊ ပဋိပက္ခဖြစ်ပွားရာ နေရာများက မကျေနပ်သည့် အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှု၏ အကျိုးကျေးဇူးများ အကြောင်းကို ဆွေးနွေးခဲ့ပြီး အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံနှင့်အတူ လက်တွဲဖက်အပြင် မိတ်ဆွေနိုင်ငံ အနေနှင့်ပါ ဆက်လက်၍ ထိတွေ့ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ ထိုသို့ တွေ့ဆုံမှုအတွင်း မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းရေး ကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ASEAN၊ EAS ထိပ်သီး အစည်းအဝေးများဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

Most Read

Most Recent