လက်ရှိအာဆင်နယ်အသင်းထက် အာစင်ဝင်းဂါးလက်ထက်အသင်းက ပိုကောင်းဟု ဘုတ်အဖွဲ့ဝင်တစ်ဦးဆို

လက်ရှိအာဆင်နယ်အသင်းထက် အာစင်ဝင်းဂါးလက်ထက်အသင်းက ပိုကောင်းဟု ဘုတ်အဖွဲ့ဝင်တစ်ဦးဆို
Photos: Getty Images
Photos: Getty Images
Published 30 October 2019

ဗြိတိန်နာမည်ကြီး လောင်းကစားကုမ္ပဏီများဖြစ်သည့် Betfair နှင့် Paddy Power တို့က ပရီးမီးယားလိဂ်၌ နောက်ထုတ်ပယ်ခံရမည့်နည်းပြ အလေးပေးချက်တွင် အူနိုင်းအမ်မရီကို ၅း၁ လေးဖြင့် တတိယနေရာတွင် ထားရှိပြီး သူ၏အထက်တွင် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်(၆း၄ လေး)နှင့် အဲဗာတန်နည်းပြ မာကိုဆေးလ်ဗား(၃း၁ လေး)တို့နှစ်ဦးသာ ရှိတော့သည်။ 

 

နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက်အသင်းမှာ လက်ရှိနည်းပြ အူနိုင်းအမ်ရီကိုင်တွယ်နေသည့်အသင်းထက် ပိုကောင်းသည်ဟု အာဆင်နယ်အသင်းဘုတ်အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ The Sun မှ ထုတ်ပြန်သည့် အဆိုပါသတင်းတွင် ဘုတ်အ ဖွဲ့ဝင်အမည်ကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။    

အာဆင်နယ်အသင်းသည် အောက်တိုဘာ ၂၇ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်ပြီးမှသရေကျခဲ့သည့်ပွဲပြီးနောက် အူနိုင်းအမ်မရီ၏အနာဂတ်မှာ မ ရေမရာဖြစ်လာခဲ့သည်။ 

ဗြိတိန်နာမည်ကြီး လောင်းကစားကုမ္ပဏီများဖြစ်သည့် Betfair နှင့် Paddy Power တို့က ပရီးမီးယားလိဂ်၌ နောက်ထုတ်ပယ်ခံရမည့်နည်းပြ အလေးပေးချက်တွင် အူနိုင်းအမ်မရီကို ၅း၁ လေးဖြင့် တတိယနေရာတွင် ထားရှိပြီး သူ၏အထက်တွင် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်(၆း၄ လေး)နှင့် အဲဗာတန်နည်းပြ မာကိုဆေးလ်ဗား(၃း၁ လေး)တို့နှစ်ဦးသာ ရှိတော့သည်။ 

Big Six ခြောက်သင်းစာရင်းဝင်များဖြစ်သည့် စပါးအသင်းနည်းပြ ပိုချက်တီနိုနှင့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားတို့မှာလည်း အနာဂတ်လူပ်ခတ်နေသူများဖြစ်ပြီး အလေးပေးချက်တွင်မူ အူနိုင်းအမ်မရီ၏နောက်တွင် ၁၄း၁ လေးဖြင့်ရှိနေကြောင်း သိရသည်။  အာဆင်နယ်ပရိသတ်အုပ်စုတစ်ခုက နည်းပြ အူနိုင်းအမ်မရီကို ရာထူးမှထုတ်ပယ်ရန် တောင်းဆိုလျက်ရှိနေပြီး စပိန်နည်းပြအနေဖြင့် အသင်းကို တိုးတက်မှုရှိစေရန် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်နေကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ 

အူနိုင်းအမ်မရီသည် အာဆင်နယ်ဘုတ်အဖွဲ့၏ထောက်ခံမှုရရှိထားသည်ဟု သတင်းများက ဖော်ပြနေကြပြီး ခရစ္စတယ်ပဲလေ့စ်နှင့် (၂-၂)ဂိုးစီသရေကျခဲ့သည့်ပွဲအပြီးတွင် အာဆင်နယ်အသင်းပိုင်ရှင် ဂျို့ရှ်ကရွန်ကီမှာ အူနိုင်းအမ်မရီနှင့် တွေ့ဆုံခဲ့သော်လည်း အနာဂတ်အတွက် စိုးရိမ်စရာမရှိကြောင်း အဆိုပါသတင်းတွင် ရေးသားထားခဲ့သည်။ 

 

Most Read

Most Recent