ခြေချင်းဝတ်ဒဏ်ရာ ပြဿနာကြောင့် ဒီဇင်ဘာလအထိ ပေါ့ဘာ အနားယူရဖွယ်ရှိနေသည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ဝန်ခံ

ခြေချင်းဝတ်ဒဏ်ရာ ပြဿနာကြောင့် ဒီဇင်ဘာလအထိ ပေါ့ဘာ အနားယူရဖွယ်ရှိနေသည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ဝန်ခံ
Published 29 October 2019

 

မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက ခြေချင်းဝတ်ဒဏ်ရာပြဿနာကြောင့် အသင်း၏ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် လာမည့်ဒီဇင်ဘာလအထိ အနားယူရဖွယ်ရှိ နေသည်ဟု ဝန်ခံပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ပေါ့ဘာသည် ပြီးခဲ့သည့် သြဂုတ်လကတည်းက အသင်းအတွက် ပွဲစဉ် (၂)ပွဲသာ ကစားနိုင်ခဲ့ပြီး နောဝစ်ချ်အသင်းနှင့်ပွဲကိုလည်း လွဲချော်ခဲ့သည်။ 

ယင်းအတွက်ကြောင့် ပွဲအပြီးတွင် ပေါ့ ဘာ၏ ဒဏ်ရာအခြေအနေနှင့် ပတ် သက်ပြီး မီဒီယာများကမေးမြန်းခဲ့ရာ ဆိုးလ်ရှားက ''လာမယ့် ဒီဇင်ဘာလ မတိုင်ခင်အထိ သူ့ကို ကွင်းထဲမှာ ပြန်မြင်ရလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူဟာ  အခုအချိန်မှာ အနားယူနေဖို့လိုပါတယ်။ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိဖို့အတွက် လုံလုံလောက်လောက်အနားယူရမှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် ရှက်ဖီးယူနိုက်တက်နဲ့ပွဲအထိ ပြန်ကစားနိုင်ဦးမယ်လို့ မထင်ပါဘူး။ နိုင်ငံတကာပွဲစဉ်တွေကြောင့် ရပ်နားမယ့် ကာလအပြီး ဒီဇင်ဘာလောက်ဆိုရင်တော့ သူ ပြန်ကစားနိုင်မယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

ပေါ့ဘာသည် အာဆင်နယ်အသင်းနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင် မန်ယူအသင်းအတွက် နောက်ဆုံးကစားပေးခဲ့ပြီး ဒဏ်ရာ ပြဿနာကြောင့် ပြင်သစ်အသင်း၏ ပွဲစဉ် (၄)ပွဲကိုလည်းလွဲချော်ခဲ့သည်။

 

Most Read

Most Recent