၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာ ယူ-၁၉ အသင်းနှင့် လာအို ယူ-၁၉ အသင်း ယနေ့ ခြေစမ်းကစားမည်

၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာ ယူ-၁၉ အသင်းနှင့် လာအို ယူ-၁၉ အသင်း ယနေ့ ခြေစမ်းကစားမည်
Photo: EMG
Photo: EMG
Published 27 October 2019

မြန်မာ ယူ-၁၉ အသင်းသည် အပြီးသတ် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ရန် ယခုလကုန်တွင် ခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်ပြီး နိုဝင်ဘာလဆန်းတွင် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲအတွက်  ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသော်လည်း ဟိန်းထက်အောင် နှင့် ပြည့်စုံနိုင်တို့မှာမူ မြန်မာ ယူ-၂၂ အသင်း နှင့်အတူ ကာတာခြေစမ်းခရီးစဉ်သို့ လိုက်ပါ သွားသောကြောင့် ယခုခြေစမ်းပွဲများတွင် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။ 

 

၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းနှင့် လာအို ယူ-၁၉ အသင်းသည် အောက်တိုဘာ ၂၇ ရက် (ယနေ့) ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် အပြီးသတ် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ရန် ယခုလကုန်တွင် ခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်ပြီး နိုဝင်ဘာလဆန်းတွင် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲအတွက်  ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသော်လည်း ဟိန်းထက်အောင် နှင့် ပြည့်စုံနိုင်တို့မှာမူ မြန်မာ ယူ-၂၂ အသင်း နှင့်အတူ ကာတာခြေစမ်းခရီးစဉ်သို့ လိုက်ပါ သွားသောကြောင့် ယခုခြေစမ်းပွဲများတွင် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။ 

"ကျွန်တော်တို့အသင်းက ဒီနှစ်ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေအတွက် ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ခဲ့သလို ခြေစမ်းပွဲတွေလည်း ယှဉ်ပြိုင် ခဲ့ပါတယ်။ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သလို ဖိတ်ခေါ်ပြိုင်ပွဲတွေလည်း ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အာရှခြေစစ်ပွဲအတွက် လေ့ကျင့်တာက စက်တင်ဘာ ၁၂ ရက်မှာဖြစ်ပါတယ်။ ခြေစစ်ပွဲအတွက် သီးခြားလေ့ကျင့်တာက ရက်ပေါင်း ၄၀ ကျော်သွားပါပြီ။ တရုတ်တိုင်ပေဖိတ်ခေါ် ပြိုင်ပွဲက ကျွန်တော်တို့အတွက် အကျိုးရှိခဲ့ပါတယ်။ အာရှအသင်းတွေအပြင် ဥရောပက အသင်းနဲ့လည်း ကစားခဲ့ရပါတယ်။ လာအို အသင်းနဲ့ပွဲမှာ တိုက်စစ်ဦးစားပေးကစားမှာပါ။ ကျွန်တော်တို့ရဲ့ တိုက်စစ်ကစားပုံ၊ အဆုံးသတ်ဂိုးသွင်းတာတွေကို ပြင်ဆင်သွားမှာပါ။ အခုခြေစမ်းပွဲမှာ ယူ-၂၂ အသင်းကို ပေးလိုက်ရတဲ့ ကစားသမားနှစ်ဦး ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။ သူတို့ ကာတာကနေ ပြန်ရောက်လာမှ အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ ဒီလထဲ ကစားမယ့်ခြေစမ်းပွဲနှစ်ပွဲမှာ ကျန်တဲ့ကစား သမား ၂၇ ဦးနဲ့ပဲ ယှဉ်ပြိုင်ကစားသွားမှာပါ" ဟု မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောကြားခဲ့သည်။

လာအိုအသင်းသည် ၂၀၂၀ အာရှ ယူ- ၁၉ ခြေစစ်ပွဲ အုပ်စု (H) တွင် သြစတြေးလျ၊ မကာအို၊ တရုတ်တိုင်ပေအသင်းတို့နှင့်အတူ ကျရောက်နေပြီး ယင်းအုပ်စုပွဲများကို တရုတ် တိုင်ပေ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်း မှာမူ အုပ်စု (I) တွင် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူတို့နှင့် ကျရောက်နေပြီး ယင်းအုပ်စု ပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်သည်။

 

Most Read

Most Recent