RCSS ဥက္ကဋ္ဌ၏ နေပြည်တော်ခရီးစဉ်ကို RCSS ဘက်မှ ဖျက်သိမ်းခဲ့ပြီး လုံခြုံရေးအရ NRPC နှင့် တပ်မတော်က လေကြောင်းခရီးစဉ် စီစဉ်ထားသော်လည်း RCSS ဘက်က ကုန်းလမ်းကြောင်းဖြင့် လာရောက်လို၍ဖြစ်ဟု ဆို

RCSS ဥက္ကဋ္ဌ၏ နေပြည်တော်ခရီးစဉ်ကို RCSS ဘက်မှ ဖျက်သိမ်းခဲ့ပြီး လုံခြုံရေးအရ NRPC နှင့် တပ်မတော်က လေကြောင်းခရီးစဉ် စီစဉ်ထားသော်လည်း RCSS ဘက်က ကုန်းလမ်းကြောင်းဖြင့် လာရောက်လို၍ဖြစ်ဟု ဆို
ထိုင်းနိုင်ငံတွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးတွင် အမှာစကားပြောကြားနေသည့် RCSS ဥက္ကဋ္ဌ (ယာ) ကို တွေ့ရစဉ် (Photo: NCA-S EAO)
ထိုင်းနိုင်ငံတွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးတွင် အမှာစကားပြောကြားနေသည့် RCSS ဥက္ကဋ္ဌ (ယာ) ကို တွေ့ရစဉ် (Photo: NCA-S EAO)
Published 26 October 2019
မင်းနိုင်စိုး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ခြင်း လေးနှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား တက်ရောက်ရန် ခရီးစဉ်အား RCSS ဘက်မှ ဖျက်သိမ်းခဲ့ပြီး လုံခြုံရေးအခြေအနေအရ NRPC နှင့် တပ်မတော်က လေကြောင်းခရီးစဉ် စီစဉ်ထားသော်လည်း  RCSS ဘက်က ကုန်းလမ်းကြောင်းဖြင့် လာရောက်လို၍  ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

NCA စာချုပ် လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့်အခမ်းအနား တက်ရောက်ရန်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)သို့ တက်ရောက်ရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၂၅ ရက်တွင် လွယ်တိုင်းလျဲန်းဗဟိုဌာနချုပ်မှ တောင်ကြီးသို့လည်းကောင်း၊ တောင်ကြီးမှတစ်ဆင့် နေပြည်တော်သို့လည်းကောင်း လာရောက်မည်ဖြစ်ကြောင်း RCSS အဖွဲ့က အောက် တိုဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးယွက်စစ်သည် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများ၊ အခြားတာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြားအဖွဲ့အ စည်းများအား တွေ့ဆုံဆွေးနွေးညှိနှိုင်းသွား ရန် စီစဉ်ထားကြောင်း RCSS အဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း ထိုသို့လာရောက်မည့် ကုန်းလမ်းခရီးစဉ်အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တားမြစ်ခဲ့သည့်အတွက်  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော်ခရီးစဉ်အား ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က“အကြမ်းဖျင်းကတော့ ကျွန်တော်တို့ ဒီခရီး စဉ်နဲ့ပတ်သက်လို့ သူက လာချင်တာကတော့  ဒီကုန်းလမ်းကြောင်းကနေ လာချင်တာပေါ့။ ကုန်းလမ်းကြောင်းကနေ လာချင်တယ်။  ကျွန်တော်တို့ဆီကရော NRPC ကရော ကျွန်တော်တို့ဘက်က စီစဉ်ပေးထားတာက လေကြောင်းလမ်းနဲ့ စီစဉ်ပေးထားတယ်။ တာချီလိတ်က နေ လေကြောင်းလမ်းနဲ့ စီစဉ်ပေးထားတယ်။ ဒီဘက်က လေကြောင်းလမ်းနဲ့ စီစဉ်ပေးထား ရတဲ့အကြောင်းအရင်းကလည်း နယ်မြေလုံခြုံရေးကြောင့်မို့လို့ဖြစ်တယ်။ ဒီကိုလာတက်တဲ့ EAO အဖွဲ့ခေါင်းဆောင်တွေ သူက ဒီနယ် မြေကို ဖြတ်သန်းနေချိန် လုံခြုံရေးဆိုင်ရာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့က မကောင်းဘူး။ ပြီးရင် အဲဒီနယ်မြေတွေကလည်း လုံခြုံငြိမ်းချမ်းတဲ့နယ်မြေတွေ မဟုတ်သေး ဘူး။ ဒါကြောင့် အဲဒီလိုစီစဉ်ခိုင်းတာဖြစ်တယ်။ အဲဒီလိုစီစဉ်ခိုင်းတဲ့အတွက်ကြောင့်မို့လို့ သူက ဒီဘက်က ရလခကလည်း လေကြောင်းလမ်းနဲ့ သွားဖို့ သူက ပြောခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

တပ်မတော်နှင့် NRPC ၏ သဘောထား မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်း များအားလုံးကို စုံစုံညီညီတက်စေချင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူတို့ဆီက ထုတ်ပြန်ချက်ထဲမှာတော့  ဒီဘက်က လေကြောင်းလမ်းနဲ့  လာခိုင်းတာ၊ NRPC ကဆို ကျွန်တော်တို့ သိသလောက် လေယာဉ်ပါ စီစဉ်ပေးထားတာရှိတယ်။ အဲဒါ ကို သူတို့ ထည့်ပြောတာတော့ မတွေ့ရဘူး။ကျွန်တော်တို့နဲ့ NRPC ကလည်း တစ်သဘောထား တစ်ခုတည်းပါ။ NRPC ကရော တပ်ရဲ့ သဘောထားရောကတော့ ဒီ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေအားလုံး စုံစုံညီညီ တက်စေချင်တာပေါ့ဗျာ။ ဒါပါပဲ”ဟ ုဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ရှိနေသည့် RCSS အဖွဲ့ဥက္ကဋ္ဌသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာမည်ဖြစ်ပြီး ၎င်း၏ခရီးစဉ်အတွင်း လုံခြုံရေးဆောင်ရွက်ပေး ရန် တပ်မတော်ဘက်က အရာရှိနှစ်ဦးသည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် ၎င်း ထံရောက်ရှိလာခဲ့သော်လည်း ညနေ ၆ နာရီ နောက်ပိုင်းတွင် ကြိုဆိုရေးအဖွဲ့အား နောက် ကြောင်းပြန်လှည့်ရန် တိုင်းစစ်ဌာနချုပ်က အကြောင်းကြားလာခဲ့သည်ဟု RCSS အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။  

“ညနေ ၆ နာရီနောက်ပိုင်းမှာကျတော့ ကျွန်တော်တို့ သွားကြိုတဲ့အဖွဲ့တွေကို သံလွင်ကူးတို့ဆိပ်ကို ညတွင်းချင်း ပြန်လှည့်ဖို့ ဆိုပြီးတော့ လာပြောတယ်။ တိုင်းက ကာနယ်ကြီးရော၊ ဂျီဝမ်းရော ရလခတိုင်းကပေါ့။ ကျွန်တော်ဆီ သူတို့လူဆီကနေတစ်ဆင့် ဖုန်းဆက်ပြီးတော့ ညတွင်းချင်း ကူးတို့ဆိပ်ကို ပြန်လှည့်လာဖို့ ကျွန်တော်တို့ကိုပြောတယ်။ ကျွန်တော်တို့က မနက် ၆ နာရီလောက်မှာ ဟိုမုန်းဘက်ကနေ နယ်စပ်ဘက်ကို ကျွန်တော်တို့ လူကြီးကလည်း ၂၅ ရက်နေ့ မနက်ကို ရောက်မှာ။ ၂၄ ရက်နေ့ ညမှာတော့ ကျွန်တော်တို့ကို မလာဖြစ်အောင် အမျိုးမျိုးဖိအားတွေပေးတယ်။ ဖုန်းတွေ တဂွမ်ဂွမ်ဆက်တယ်။ ၁၀ နာရီ ၊ ၁၁ နာရီလောက်အထိ မနေမနား လာကြိုတဲ့အဖွဲ့တွေကို နောက်ပြန်လှည့်ဖို့ အကြောင်းအမျိုးမျိုးပြတယ်။ ကျွန်တော်တို့က ဒီခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါပြီ”ဟု ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။

မူလအစီအစဉ်အရ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် ဟိုမုန်း-လင်းခေး-နမ့် စန်-လွယ်လျန်း-တောင်ကြီး-နေပြည်တော် ခရီးစဉ်ကို စီစဉ်ထားခြင်းဖြစ်သည်။

“အမှန်ဆိုရင် ကျွန်တော်တို့ ဥက္ကဋ္ဌကြီး ပြည်တွင်းခရီးစဉ်ကို လာမှာက NCA လေးနှစ်ပြည့်ကို တိုင်းရင်းသား EAO တွေကလည်း လုပ်ချင်တယ်။ အထူးသဖြင့် NRPC ကလည်း လုပ်ချင်တယ်။ NRPC က ဖိတ်လို့ ကျွန်တော် တို့ ဥက္ကဋ္ဌကြီးကလာဖို့ ပြင်ဆင်ဆောင်ရွက် တာ။ ဒါပေမဲ့ တပ်ဘက်က မလာစေချင်တဲ့ သဘော သက်ရောက်နေတယ်ဗျာ”ဟု ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။

NCA စာချုပ်သည် အစိုးရလည်းမပိုင်သကဲ့သို့ တပ်မတော်လည်း မပိုင်ကြောင်း၊ ယင်းစာချုပ်သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ အဆိုပြုချက်များအား ဥပဒေနှင့်အညီ အတည်ပြုပေးခဲ့သော စာချုပ်ဖြစ်ကြောင်းနှင့် ွRCSS အဖွဲ့ဥက္ကဋ္ဌ NCA စာချုပ် လေးနှစ်ပြည့်အခမ်းအနားသို့ တက်ရောက်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

 

Most Read

Most Recent