ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပါဝင်ခြင်း မပါဝင်ခြင်းမှာ ၎င်းတို့၏ရွေးချယ်မှုဖြစ်ပြီး မောင်မောင်ခေါ်တုန်း ဗျာထူးရင် ကောင်းမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၆ ရက်က နေပြည်တော်၌ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် စိုးနိုင်ဦးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတင်းထောက်တစ်ဦးမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ်ထဲတွင် ပြည်သူ့လက်သို့ ငြိမ်းချမ်းရေးအပ်နှံမည်ဟု ပြောကြားထားမှုများနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ယင်းသို့ဖြစ်လာနိုင်မှုအ ခြေအနေအပေါ် ဖြေကြားပေးရန် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ အပိုင်းကတော့ အစောကလည်း ကျွန်တော် ပြောခဲ့တယ်။ ဒီမိုကရေစီ ခိုင်မာအောင်မြင်ဖို့၊ နိုင်ငံတော်အေ းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်ထောင်စုမပြိုကွဲဖို့၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့အတွက် ငြိမ်းချမ်းရေးလိုအပ်တယ်။ ဒါကြောင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ဖိတ်တယ်။ အစိုးရနဲ့ တပ်မတော်က ဖိတ်တယ်။ ပါဝင်ခြင်း မပါဝင်ခြင်းကတော့ သူတို့ရဲ့ ရွေးချယ်မှုဖြစ်တယ်။စကားအားလုံးကို ချုပ်ပြီး စကားတစ်လုံးတည်းပြောရရင်တော့ မောင်မောင်ခေါ်တုန်း ဗျာထူးရင်တော့ ကောင်းမယ်လို့ သုံးသပ်ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။
သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်ဆိုပါက ကြိုဆိုကြောင်းနှင့်တိုက်မည် ဆိုပါကလည်း အသင့်ပဲဟု သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ပြောကြားထားသည်။
ဗိုလ်ချုပ်စိုးနိုင်ဦးက “ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ၂၀၂၀ မှာ တပ်မတော်က ငြိမ်းချမ်းရေးကိုသွားချင်လို့ Time Frame ချထားတာပါ။ ဘယ်ကိစ္စမဆို Time Frame ကို ချ မှတ်ဆောင်ရွက်တာပါ။ သို့သော် EAO တွေကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ၂၀၃၀ လို့ ပြောနေတာတွေလည်း ရှိတယ်။အဲဒီတော့ ဒါနဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံလေးရှင်းပြမယ်။ ကျွန်တော်တို့နိုင်ငံ သွားနေတာက ဒီမိုကရေစီကိုသွားနေတာ။ ဒီမိုကရေစီဆိုတာက ပြည်သူကို ဗဟိုပြုတာ။ နိုင်ငံတော်ကို ဗဟိုပြုတာ။ ပြည်သူတွေအားလုံးပါဝင်ပြီး တော့ နိုင်ငံတော်ကို တည်ဆောက်တာ။အဲဒါ ဒီမိုကရေစီ။ အဖွဲ့အစည်းအတွက်ပဲ ဗဟိုပြုတာတွေက နိုင်ငံတော်ကို ဗဟိုမပြုဘူး။ ဒါကြောင့် ဒီမိုကရေစီကိုသွားမယ်ဆိုရင် ကိုယ့်အဖွဲ့အစည်းကို ဗဟိုပြုတာကို လက်ခံလို့မရဘူး။ ဒါက သီအိုရီအရပဲ ပြောပြော၊ ဒီမိုကရေစီ အဓိပ္ပာယ်ဖွင့်ဆိုချက်အရပဲ ပြောပြော ကျွန်တော် ပြောခြင်းဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီကိုလည်း သွားနေတယ်။ကိုယ့်အဖွဲ့ကို ကိုယ်စားပြုတဲ့အဖွဲ့တွေကလည်း ရှိနေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ဖို့လိုတယ်လို့ ယူဆတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရရော၊ တပ်မတော်က ရောလုပ်တယ်။ လက်ရှိမှာလည်း ဆောင်ရွက် နေတယ်။ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီခိုင် မာဖို့ ငြိမ်းချမ်းရေးရဖို့ လိုတယ်။ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေးရဖို့ လိုတယ်။ ဒီအချက်တွေကြောင့် နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးရ အောင် လုပ်နေတယ်။ အဲဒီလို ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ဖို့အတွက်လည်း NCA ကို ရေးဆွဲတယ်” ဟု ပြောကြားသည်။
NCA သည် လိုင်ဇာနှင့် လော်ခီးလာတွင် သန္ဓေတည်ခဲ့ပြီး ပြည်ထောင်စု နယ်မြေ ဖြစ်သည့် နေပြည်တော်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် မွေးဖွားခဲ့ ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။
“ပြောရရင်တော့ NCA ကို ပြည်ထောင်စုနယ်မြေမှာ မွေးဖွားတယ်။ အခုလေးနှစ် ပြည့်ပြီ။ အဲဒီအတွက် အစိုးရက အခမ်းအနား လုပ်ဖို့ စီစဉ်နေတယ်။ ဒါက အစိုးရဘက်က အပိုင်း။ တပ်မတော်အပိုင်းကလည်း ပါဝင် တက်ရောက်မယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် တရားဝင်အစည်းအဝေး၊ တရားမဝင် အစည်းအဝေးတွေ၊ Seminor, Workshop တွေကို တပ်မတော်က မပျက်မကွက် တက်ရောက်ပြီး ဆောင်ရွက်လျက်ရှိတယ်။ငြိမ်းချမ်းရေး ဆောင်ရွက်ရမယ်ဆိုတာ တပ်မတော်ရဲ့ မူဝါဒဖြစ်တယ်။ အဲဒီလိုဆောင်ရွက် တဲ့အခါမှာလည်း ကျွန်တော်တို့က NCA လမ်းကြောင်းအတိုင်းသွားမယ်။ အဲဒီတော့ ဒီမို ကရေစီ ခိုင်မာအောင်မြင်ဖို့အတွက် ကူညီဆောင်ရွက်မယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။















