Ballon d'Or ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ရေပန်းအစားဆုံးဖြစ်နေ

Ballon d'Or ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ရေပန်းအစားဆုံးဖြစ်နေ
Photos: Getty Images
Photos: Getty Images
Published 23 October 2019

ဗြိတိန်လောင်းကစားကုမ္ပဏီဖြစ်သည့် William Hill ၏အလေးပေးချက်တွင် နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က ၄း၁၁ လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး  ယင်းနောက်တွင် မက်ဆီက ၂း၁ လေး၊ စီရော် နယ်လ်ဒိုက ၂ဝး၁ လေး၊ ဆာလာက ၄ဝး၁ လေး၊ မာနေနှင့် ဘာပေက ၅ဝး၁ လေးစီ၊ အယ်လစ်ဆန်နှင့် စတာလင်က ၆၆း၁ လေးစီ ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။ 

 

၂၀၁၉ Ballon d'Or ဆုပေးပွဲအခမ်းအနားကို လာမည့် ဒီဇင်ဘာ ၂ ရက်၌ ပြင်သစ် နိုင်ငံ၊ ပါရီမြို့ရှိ Theatre du Chatelet တွင် ပြုလုပ်သွားမည်ပြီး လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ဆုရရှိရန် ရေပန်းအစား ဆုံးဖြစ်နေကြောင်း သိရသည်။

ဗြိတိန်လောင်းကစားကုမ္ပဏီဖြစ်သည့် William Hill ၏အလေးပေးချက်တွင် နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က ၄း၁၁ လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး  ယင်းနောက်တွင် မက်ဆီက ၂း၁ လေး၊ စီရော် နယ်လ်ဒိုက ၂ဝး၁ လေး၊ ဆာလာက ၄ဝး၁ လေး၊ မာနေနှင့် ဘာပေက ၅ဝး၁ လေးစီ၊ အယ်လစ်ဆန်နှင့် စတာလင်က ၆၆း၁ လေးစီ ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။ 

Ballon d'Or ဆုကို နိုင်ငံပေါင်း ၁၈၀ မှ အားကစား ဂျာနယ်လစ်များအပါအဝင် နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင်များနှင့် နည်းပြများက မဲပေးရွေးချယ်ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည့် ဆန်ခါတင် ၃၀ စာရင်းတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေးရှင် နေမာနှင့် ယမန်နှစ်အကောင်းဆုံးဆုရှင် မိုဒရစ်တို့ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းမှ ကစားသမား ခုနစ်ဦးဖြင့် အများဆုံးပါဝင်ခဲ့ပြီး UEFA အကောင်းဆုံးဆုရှင် ဗန်ဒိုက်မှာ ၂၀၀၆ ဆုရှင် ကင်နာဗာရိုနောက်ပိုင်း ပထမဆုံးနှင့် နောက်ခံလူများထဲမှ ငါးဦးမြောက်အဖြစ်ရရှိရန် ရေပန်းစားနေခြင်းဖြစ်သည်။ 

 

Most Read

Most Recent