ကစားသမားဘဝမှ အနားယူရန် မစဉ်းစားသေးကြောင်း စီရော်နယ်လ်ဒို ပြောကြား

ကစားသမားဘဝမှ အနားယူရန် မစဉ်းစားသေးကြောင်း စီရော်နယ်လ်ဒို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 23 October 2019

ဂျူဗင်တပ်စ်အသင်းဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိအနေဖြင့် လာမည့်နှစ်ပိုင်းအတွင်း ကစားသမားဘဝမှ အနားယူရန် မစဉ်းစားသေးကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိအနေဖြင့် လာမည့်နှစ်ပိုင်းအတွင်း ကစားသမားဘဝမှ အနားယူရန် မစဉ်းစားသေးကြောင်း ပြောကြားခဲ့သည်။

အသက် (၃၄)နှစ်အရွယ်ရှိပြီဖြစ်သည့် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအနေဖြင့် လာမည့်နှစ်ပိုင်းတွင် ကစားသမားဘဝမှ အနားယူဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသော်လည်း စီရော်နယ်လ်ဒိုက ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုက အသက်အရွယ်မှာ ကိန်းဂဏန်းတစ်ခုမျှသာဖြစ်ပြီး မိမိအနေဖြင့် ကွင်းအတွင်း အကောင်းဆုံးစွမ်းဆောင်နေနိုင်ဆဲဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

စီရော်နယ်လ်ဒိုက ''အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။ အသက် (၃၄)၊ (၃၅)၊ (၃၆)အရွယ်ရောက်လာပြီဆိုတာနဲ့ ကစားသမားဘဝ ပြီးဆုံးပြီးလို့ မပြောနိုင်သေးပါဘူး။ ကျွန်တော့်အနေနဲ့ ကွင်းအတွင်းမှာ ဘယ်လိုမျိုးစွမ်းဆောင်နိုင်တယ်ဆိုတာ အခုထိသက်သေပြနေနိုင်တုန်းပါပဲ။ ကျွန်တော့်အနေနဲ့ ကွင်းအတွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဆဲလို့ ခံစားနေရဆဲဖြစ်ပြီး အရင်ကထက် ပိုရင့်ကျက်လာတယ်လို့လည်း ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲတွေအဖြေကို ပြောင်းလဲနိုင်စွမ်းရှိနေတုန်းပါပဲ" ဟုပြောကြားခဲ့သည်။

ထို့ပြင် စီရော်နယ်လ်ဒိုက ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ပြိုင်ပွဲစုံတွင် ဗိုလ်စွဲရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန်ခက်ခဲမည်ဖြစ်သော်လည်း အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent