ယနေ့ညကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 18 October 2019

ဂရန်နာဒါ - အိုဆာဆူနာ (စနေနံနက် ၁:၃၀ နာရီ)

(၂)သင်းစလုံး အခုရာသီမှ လာလီဂါကိုရောက်လာကြပေမယ့် ခြေစွမ်းအားဖြင့်တော့ မဆိုးကြပါဘူး။ ဒီ (၂)သင်းမှာ အိုဆာဆူနာက ထိန်းကစားရင်း အမှတ်တွေရှာနေသလို၊ ဂရန်နာဒါကလည်း တိုက်စစ်အစွမ်းနဲ့ အမှတ်တွေယူနေနိုင်တာ တွေ့ရတယ်။ ဒါပေမဲ့ ဒီပွဲအတွက်တော့ ဂရန်နာဒါမှာ ပွဲပယ်နဲ့ ဒဏ်ရာပြဿနာတွေကြုံနေရလို့ အင်အားပြည့်ပွဲထွက်လာနိုင်ပါ့မလားဆိုတာ စောင့်ကြည့်စရာလိုဖြစ်နေတယ်။ အိုဆာဆူနာခံစစ်ကစားပုံ မဆိုးလှလို့ ဒီပွဲကို ဂိုးနည်းသရေပွဲပဲ မှန်းထားချင်တယ်။

ဖရန့်ဖတ် - လေဗာကူဆင် (စနေနံနက် ၁:၀၀ နာရီ)

ဖရန့်ဖတ်က ပြီးခဲ့တဲ့ရာသီကလောက် အင်အားမတောင့်တော့ပေမယ့် အိမ်ကွင်းမှာတော့ အမှားအယွင်းမရှိပါဘူး။ ဖရန့်ဖတ် အမှတ်ယူမှာပါ။

 

Most Read

Most Recent