ကတ်တလန်ဆန္ဒပြပွဲများကြောင့် El Clásico ပထမအကျော့ပွဲစဉ်ကို မက်ဒရစ်၌ ပြောင်းလဲကစားရန် LFP ကြိုးပမ်း

ကတ်တလန်ဆန္ဒပြပွဲများကြောင့် El Clásico ပထမအကျော့ပွဲစဉ်ကို မက်ဒရစ်၌ ပြောင်းလဲကစားရန် LFP ကြိုးပမ်း
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 16 October 2019

စပိန်အစိုးရသည် ကတ်တလန်ဒေသ ခွဲထွက်ရေး ဦးဆောင်ကြိုးပမ်းခဲ့သည့် နိုင်ငံရေးသမားနှင့် လူထုခေါင်းဆောင် စုစုပေါင်း ကိုးဦးကို ထောင်ဒဏ်ကိုးနှစ်မှ ၁၃ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်ကျခံစေရန် အောက်တိုဘာ ၁၄ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲများ တစ်ကျော့ပြန်ဖြစ်ပွားနေခြင်းဖြစ်ပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန်တိုက်ခိုက်မှုများကြောင့် အခြေအနေမှာလည်း တင်းမာလျက်ရှိသည်။

 

ကတ်တလန်ဒေသ၌ ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ဘာစီလိုနာမြို့ရှိ နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားမည့် El Clásico ပွဲကို မက်ဒရစ်မြို့သို့ ပြောင်းလဲကစားရန် စပိန် ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် (LFP) က စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ရာသီ၏ El Clásico ပထမအကျော့ပွဲကို အောက်တိုဘာ ၂၆ ရက် တွင် နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း ကာတာလိုနီယာဒေသ၏ လတ်တလောအခြေအနေကြောင့် မက်ဒရစ်မြို့၌ ပြောင်းလဲကစားခွင့်ရရန် LFP က ကြိုးပမ်းနေခြင်းဖြစ်သည်။ " El Clásico ပွဲကို မက်ဒရစ်မြို့၌ ပြောင်းလဲကစားခွင့်ပြုရေးအတွက် ဆွေးနွေးခွင့်ပြုရန် စပိန်ဘောလုံးအဖွဲ့ချုပ်၏ ပြိုင်ပွဲကျင်းပရေးကော်မတီထံ တောင်းဆို ထားပါသည်" ဟု LFP က ယနေ့တွင် ကြညာချက်ထုတ်ပြန်ခဲ့သည်။ 

စပိန်အစိုးရသည် ကတ်တလန်ဒေသ ခွဲထွက်ရေး ဦးဆောင်ကြိုးပမ်းခဲ့သည့် နိုင်ငံရေးသမားနှင့် လူထုခေါင်းဆောင် စုစုပေါင်း ကိုးဦးကို ထောင်ဒဏ်ကိုးနှစ်မှ ၁၃ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်ကျခံစေရန် အောက်တိုဘာ ၁၄ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲများ တစ်ကျော့ပြန်ဖြစ်ပွားနေခြင်းဖြစ်ပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန်တိုက်ခိုက်မှုများကြောင့် အခြေအနေမှာလည်း တင်းမာလျက်ရှိသည်။

ထို့ကြောင့် LFP အနေဖြင့် El Clásico ပထမအကျော့ပွဲကို မက်ဒရစ်မြို့၌ ပြောင်းလဲကစား၍ ဒုတိယအကျော့မှသာ ဘာစီလိုနာတွင် ပြန်လည်ကစားခွင့်ပြုရန် တောင်းဆိုထားခြင်းဖြစ်သည်။ ယင်းကြိုးပမ်းမှုကို RFEF က သဘောတူလက်ခံပါက အောက်တိုဘာ ၂၆ ရက်တွင် ရီးယဲလ်အသင်း၏ ဘာနေဗျူးကွင်း၌ ပထမအကျော့ကစားရမည်ဖြစ်ပြီး ဒုတိယ အကျော့ကိုမူ မတ် ၁ ရက်တွင် နူးကမ့်ကွင်း၌ ပြန်လည်ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ဘာစီလိုနာအသင်းသည် ယခုတစ်ပတ် အီဘာအသင်းနှင့်ကစားမည့် အဝေးကွင်းပွဲအတွက်လည်း လေကြောင်းခရီးအစား ကားဖြင့်သွားရောက်ရမည်ဖြစ်ကြောင်း စပိန် နိုင်ငံထုတ် Diario AS သတင်းစာက ဖော်ပြ သည်။ ယင်းပွဲကို အောက်တိုဘာ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပုံမှန်အားဖြင့် ဘာစီလိုနာမှ ဘီလ်ဘာအိုသို့ လေယာဉ်ဖြင့်သွားရောက်၍ ကီလိုမီတာ ၄၀ ခရီးကိုသာ ကား ဖြင့်သွားရောက်လေ့ရှိကြောင်း သိရသည်။ 

သို့သော် လက်ရှိအခြေအနေမှာ ဘာစီလိုနာ မြို့ရှိ EL Prat လေဆိပ်ကိုလည်း သက်ရောက်မှုရှိလာနိုင်သောကြောင့် ဘာစီလိုနာအသင်း အနေဖြင့် ကီလိုမီတာ ၅၅၀ ကွာဝေးသည့် ခရီးစဉ်ကို ကားဖြင့်သွားရောက်ရ မည်ဖြစ်သည်။ သို့ဖြစ်ရာ ဘာစီလိုနာအသင်း ကစားသမားများအနေဖြင့် ခရီးပန်းမှုဒဏ်ခံစားရဖွယ်ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent