Chang ဘီယာကို ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံပြီး မြန််မာနိုင်ငံတွင် ထုတ််လုပ်ဖြန့်ချိမည်

Chang ဘီယာကို ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံပြီး မြန််မာနိုင်ငံတွင် ထုတ််လုပ်ဖြန့်ချိမည်
Published 16 October 2019

Sponsored Post

Chang ဘီယာကို ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံပြီး မြန််မာနိုင်ငံတွင် ထုတ််လုပ်ဖြန့်ချိမည်

Chang ဘီယာစက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့မှာတည်ရှိပြီး ခေတ်မီစက်သစ်ကြီးတွေနဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ဘီယာအရေအတွက် ဟက်တိုလီတာ (Hectolitre) ၅၀၀,၀၀၀  စတင်ထုတ်လုပ်ဖြန့်ချိနေပါပြီ။ ဖြန့်ဖြူးရာမှာလည်း အရောင်းမြှင့်တင်ရေး အစီအစဉ်တွေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွေကို အသုံးပြုဆောင်ရွက်သွားမှာပါ။ စက်ရုံဆောက်လုပ်ရေးအတွက် လူဦးရေ ၁၀၀၀ နီိးပါး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ အချိန််ပြည့် ဝန်ထမ််းပေါင်း ၁၇၀ ကျော်နဲ့ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Chang ဘီယာ ထုတ်လုပ်ဖြန့်ချိရေးအတွက် ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံထားပြီး အခုလို ရင်းနှီးမြှုပ်နှံခြင်းဟာ မြန်မာလူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးကဏ္ဍကို ကောင်းကျိုးများစွာ သက်ရောက်စေမယ့် လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

Emerald Brewery မှ ဝန််ထမ်း ၈၀ ဟာ Chang ဘီယာကို မြန်မာနိုင်ငံမှာ စတင် မချက်လုပ်မီ ထိုင်းနိုင်ငံ၊ ဘန််ကောက်မြို့ရှိ Chang ဘီယာအဖွဲ့သားတွေဆီကို တစ်လကြာ သွားရောက်ခဲ့ပြီး ထုတ်ကုန်အရည်အသွေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စတာတွေကို အထူးလေ့ကျင့် သင်ယူခဲ့ကြပါတယ်။

Emerald Brewery စက်ရုံဆောက်လုပ်ဖို့အတွက် နေရာရွေးချယ်ရာမှာလည်း ရေအရည်အသွေးပိုင်းဆိုင်ရာကို နေရာ ၃၇ ခုမှာ အသေးစိတ်် စမ်းသပ်ခဲ့ပါသေးတယ်။ အဲ့ဒီလိုစမ်းသပ် ဆန်းစစ်မှုတွေကိုု တိကျမှန်ကန်အောင် ပြုလုပ်ခဲ့တဲ့အတွက် Chang ဘီိယာ ထုတ််လုပ်ရာမှာသုံးတဲ့ရေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေထက်လည်း ပိုမိုကောင်းမွန်ပါတယ်။

ဘီယာထုတ်လုပ်ရေးအတွက် လိုုအပ်တဲ့ကုန််ကြမ်းတွေကို နိုင်ငံတကာမှ အရည်အသွေးမြင့် ကုန်ကြမ်းများသာ သုံးစွဲထားကာ Malt ကို ဥရောပနိုင်ငံများမှ လည်းကောင်း၊ Hops ကို ဂျာမနီနဲ့ အမေရိကန်နိုင်ငံတို့က လည်းကောင်း သုံးစွဲထားပါတယ်။ ထုတ်ကုန်အရည်အသွေး ကျဆင်းမှုမရှိစေရေးအတွက် Chang ဘီယာ ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေမှာ အကြိမ်ပေါင်း ၂၅၀ တိုင်တိုင် စစ်ဆေးမယ့်စနစ်ကို ကျင့်သုံးသွားမှာလည်း ဖြစ်ပါတယ်။

Chang ဘီယာကို မြန််မာနိုင်ငံမှာ 330ml သံဗူး၊ 500ml သံဗူး၊ 320ml ပုလင်း၊ 620ml ပုလင်းတို့အပြင် 30 Litre ဆံ့ စည်တို့နဲ့ ထုတ်လုပ်ဖြန့်ချိဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။

ပိုမိုကောင်းမွန်တဲ့ အချက်ကတော့ အရည်အသွေးမြင့် ဘီယာကို ချက်လုပ်ရာမှာ စက်ရုံရဲ့လုပ်ငန်း စုစုပေါင်း ၃၀ % အတွက် နေရောင်ခြည်စွမ််းအင်ကိို သုံးစွဲသွားမှာဖြစ်လို့ စွမ််းအင်ချွေတာရာလည်း ရောက်ပါတယ်။ ဒါ့အပြင် စက်ရုံက ထုတ်လုပ်တဲ့ ပုလင်းတွေကို အရည်အသွေးဆန်းစစ်ပြီး ပြန်လည်လက်ခံ အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေမယ့် နောက်ဆုံးပေါ် နည်းလမ်းတွေနဲ့ မြန််မာနိုင်ငံမှာ ထုတ်လုပ်သွားမှာပါ။

အားလုံးလည်းသိ၊ အကြိုက်လည်းတူတဲ့ Chang ဘီယာကို မြန်မာနိုင်ငံမှာ ခေတ်မီဆန်းသစ်တဲ့ အရည်အသွေးမြင့် အရသာနဲ့ သောက်သုံးနိုင်တော့မယ်ဆိုတာ သိပြီးပြီဆိုရင်တော့ ……….ကိုယ်ရဲ့စိတ်ကျေနပ်မှုကို ဒီနေ့ပဲ ရယူလိုက်ပါ။

Most Read

Most Recent