ရောင်းထုတ်လိုသည့်ကစားသမားများ အသင်းတွင်ရှိနေဆဲဟု စပါးဥက္ကဋ္ဌ ဆို

ရောင်းထုတ်လိုသည့်ကစားသမားများ အသင်းတွင်ရှိနေဆဲဟု စပါးဥက္ကဋ္ဌ ဆို
Photo: Getty Images
Photo: Getty Images
Published 16 October 2019

စပါးအသင်းဥက္ကဋ္ဌ ဒန်နီယဲလ်လီဗိုင်းက ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှရောင်းထုတ်လိုသည့် ကစားသမားအားလုံး မရောင်းချနိုင်ခဲ့ဘဲ အသင်းတွင် ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းဥက္ကဋ္ဌ ဒန်နီယဲလ်လီဗိုင်းက ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှရောင်းထုတ်လိုသည့် ကစားသမားအားလုံး မရောင်းချနိုင်ခဲ့ဘဲ အသင်းတွင် ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒီဖြစ်စဉ်တွေရဲ့ (၉၀)ရာခိုင်နှုန်းက အသင်းအနေနဲ့ ကစားသမားတစ်ဦးအတွက် ဝယ်လက်ကို မရှာဖွေနိုင်ခဲ့သလို၊ ကစားသမားကိုယ်တိုင်ကလည်း အခြားအသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိခဲ့လို့ပါပဲ"ဟု လီဗိုင်းက ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် စပါးအသင်း၏အဓိကနောက်ခံလူ ထရစ်ပီယာသည် အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လော်ရန်တေး၊ ယန်ဆန်တို့မှာလည်း အသင်းကို စွန့်ခွာခဲ့သည်။ 

သို့သော် အပြောင်းအရွှေ့ဈေးကွက်အတွင်း ကောလာဟလများစွာ ထွက်ပေါ်ခဲ့သည့် အဲရစ်ဆင်၊ အယ်လ်ဒါဝီရယ်လ်၊ ဒန်နီရို့စ်စသည့် ကစားသမားများမှာမူ အသင်းတွင်ဆက်ရှိနေဆဲဖြစ်သည်။ 

ထို့ပြင် အသင်း၏လက်ရှိရလဒ်ဆိုးများအတွက် နည်းပြဖြစ်သူ ပိုချက်တီနိုဘက်မှ လီဗိုင်းက ကာကွယ်ပြောကြားခဲ့ပြီး ပရိသတ်များအနေဖြင့် အသင်း၏နောက်တွင် မားမားမတ်မတ်ရပ်တည်သင့်သည်ဟုလည်း တိုက်တွန်းခဲ့သည်။

 

Most Read

Most Recent