အင်္ဂလန်နှင့်ပွဲတွင် လူမျိုးရေးခွဲခြားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်

အင်္ဂလန်နှင့်ပွဲတွင် လူမျိုးရေးခွဲခြားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်
Photo: Getty Images
Photo: Getty Images
Published 15 October 2019

ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ မီကိုင်လော့ဗ်သည် အင်္ဂလန်အသင်းနှင့်ပွဲတွင် လူမျိုးရေးခွဲခြားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ 

ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ မီကိုင်လော့ဗ်သည် အင်္ဂလန်အသင်းနှင့်ပွဲတွင် လူမျိုးရေးခွဲခြားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာ (၁၄)ရက်က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် ဘူလ်ဂေးရီးယား (၀-၆) အင်္ဂလန်ပွဲတွင် အိမ်ရှင် ဘူလ်ဂေးရီးယားအသင်း ပရိသတ်များသည် အင်္ဂလန်ကစားသမားများဖြစ်သည့် ရပ်ရှ်ဖို့ဒ်၊ စတာလင်နှင့် တိုင်ရိုမင့်စ်တို့ကို မျောက်ဟု ခေါ်ဝေါ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သဖြင့် ပွဲကိုနှစ်ကြိမ်တိုင် ရပ်နားခဲ့ရကြောင်း သိရသည်။ 

အဆိုပါပွဲစဉ်အပြီးတွင် ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ဘိုရီဆော့ဗ်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ မီကိုင်လော့ဗ်အား အဆိုပါဖြစ်ရပ်များအတွက် တာဝန်ယူကာ ရာထူးမှနုတ်ထွက်ရန် ၎င်း၏ Facebook တွင် ရေးသားခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် မီကိုင်လော့ဗ်သည် အောက်တိုဘာ (၁၅)ရက်တွင် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ 

ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် "ဒီနေ့မှာပဲ ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မီကိုင်လော့ဗ်ဟာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ သူရဲ့ နုတ်ထွက်စာကို သောကြာနေ့မှာ ကျင်းပမယ့် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်တွေ့ဆုံပွဲမှာ တင်ပြသွားမှာပါ"ဟု ပါရှိသည်။ 

ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ဘိုရီဆော့ဗ်က ဘူလ်ဂေးရီးယားနိုင်ငံတွင် လူမျိုးရေးခွဲခြားမှုများ ဖြစ်ပွားခြင်းကို လုံးဝလက်မခံနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ 

 

Most Read

Most Recent