သီလဝါအထူးစီးပွားရေးဇုန် A နှင့် ဇုန် B ရှိ မြေကွက်များကို လာမည့် ၂၀၂၁ ခုနှစ်တွင် အပြီးရောင်းချပြီး အထူးစီးပွားရေးဇုန်၏ တောင်ဘက်၌ မြေဟက်တာ ၂၀၀ အား ထပ်မံအကောင်အထည်ဖော်ရန် စီစဉ်ထားဟုဆို

သီလဝါအထူးစီးပွားရေးဇုန် A နှင့် ဇုန် B ရှိ မြေကွက်များကို လာမည့် ၂၀၂၁ ခုနှစ်တွင် အပြီးရောင်းချပြီး အထူးစီးပွားရေးဇုန်၏ တောင်ဘက်၌ မြေဟက်တာ ၂၀၀ အား ထပ်မံအကောင်အထည်ဖော်ရန် စီစဉ်ထားဟုဆို
  သီလဝါအထူးစီးပွားရေးဇုန်အဝင်အား စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
သီလဝါအထူးစီးပွားရေးဇုန်အဝင်အား စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 9 October 2019
ရွှန်းလဲ့ဝင်း

သီလဝါအထူးစီးပွားရေးဇုန် A နှင့် ဇုန် B ရှိ မြေကွက်များအား လာမည့် ၂၀၂၀ ခုနှစ်တွင် အပြီးရောင်းချပြီး အထူးစီးပွားရေးဇုန်၏ တောင်ဘက်တွင် မြေဟက်တာ ၂၀၀ အား ထပ်မံအကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း Myanmar Japan Thilawa Development Ltd (MJTD) ၏ President & CEO ဖြစ်သူ Mr. Tomoyasu SHIMIZU ၏ ပြောကြားချက်အရ သိရသည်။

MJTD ၏ Midterm Business Plan အရ သီလဝါအထူးစီးပွားရေးဇုန် A နှင့် ဇုန် B အား လာမည့် ၂၀၂၁ တွင် နောက်အကျဆုံး အပြီးအစီးရောင်းချနိုင်မည်ဟု မျှော်မှန်းထာပြီး ရှေ့ဆက်ပြီး အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်၏ တောင်ဘက်တွင် မြေဧက ဟက်တာ ၂၀၀ အား အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“MJTD ရဲ့ Midterm business plan အရ သီလဝါအထူးစီးပွားရေးဇုန် A နဲ့ ဇုန် B ကို လာမယ့် ၂၀၂၁ မှာ နောက်အကျဆုံး အပြီးအစီးရောင်းချနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဆက်လက်ပြီး SEZ ရဲ့ တောင်ဘက်မှာ မြေဟက်တာ ၂၀၀ ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ ဒီလိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ဇုန် B ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၂၀ ဒီဇင်ဘာမှာ ပြီးစီးနိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု MJTD ၏ President & CEO ဖြစ်သူ Mr. Tomoyasu SHIMIZU က ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် A အဖြစ် အကောင်အထည်ဖော်နေသည့် မြေ ၄၀၅ ဟက်တာအနက် ၉၉ ရာခိုင်နှုန်းအား ရောင်းချပြီးဖြစ်ကာ ဇုန် B တွင် ရာခိုင်နှုန်း ၅၀ ခန့် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

“MJTD အနေနဲ့သီလဝါ SEZ မှာ အကောင်အထည်ဖော်သွားမယ့် မြေဧက ၂၄၀၀ ဟက်တာရှိပါတယ်။ ဇုန် A ၄၀၅ ဟက်တာရှိပြီး ပထမဆုံးအကောင်အထည်ဖော်ခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။ အခုဆိုရင်ဇုန် A ကို အကောင်အထည်ဖော်ပြီးသွားတော့ ဇုန်  B ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။  ဇုန် B ကို အကောင်အထည်ဖော်တဲ့နေရာမှာ Phase by Phase အပိုင်းလိုက်ခွဲခြားပြီး အကောင်အထည်ဖော်နေပါတယ်။ လက်ရှိမှာတော့ ဇုန် A ရဲ့ ၉၉ ရာခိုင်နှုန်းကို ရောင်းချပြီးဖြစ်သလို ဇုန် B ရဲ့ အပိုင်း (၁) မှာ ၇၉ ရာခိုင်နှုန်း၊ အပိုင်း (၂) မှာ ၄၉ ရာခိုင်နှုန်းနဲ့ အပိုင်း (၃) မှာ ၆၂ ရာခိုင်နှုန်းရောင်းချပြီးဖြစ်ပါတယ်” ဟု Myanmar – Japan Thilawa Development ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် (B) ၌ တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားကြောင်း Myanmar – Japan Thilawa Development ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်နေသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ပြီး တိုယိုတာမော်တော်ကားကုမ္ပဏီက အဆိုပါသီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံရန်ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း  သီလဝါတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီအများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama က ဆိုသည်။

လက်ရှိတွင် ပြည်တွင်းစျေးကွက်ဗဟို ပြုစက်ရုံလုပ်ငန်း Domestic Market Oriented တွေက ရာခိုင်နှုန်း ၇၀ ရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပစျေးကွက်အား ထိုးဖောက်မယ့် ကုမ္ပဏီများလာ ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း Mynmar Japan Thilawa Development Ltd မှ သိရသည်။                

Most Read

Most Recent