အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် အမျိုးသား သုံးဦးအား မူးယစ်တပ်ဖွဲွ့က တရားလိုပြုလုပ် တိုင်တန်းမှုကြောင့် ဗဟန်းရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထား

အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် အမျိုးသား သုံးဦးအား မူးယစ်တပ်ဖွဲွ့က တရားလိုပြုလုပ် တိုင်တန်းမှုကြောင့် ဗဟန်းရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထား
Published 7 October 2019

အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် အမျိုးသား သုံးဦးအား မူးယစ်တပ်ဖွဲွ့က တရားလိုပြုလုပ် တိုင်တန်းမှုကြောင့် ဗဟန်းရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။

 

လတ်တလောတွင် အမှုဖွင့်မည့် တရားလို မူယစ်တပ်ဖွဲ့စုအား စောင့်ဆိုင်းနေပြီး အမှုဖွင့်မည့် အပေါ်မူတည်၍ ပုဒ်မတပ်ရမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက် ည ၁၀ နာရီခန့်တွင် အဆိုပါရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

 

“တရားလိုအဖြစ် တိုင်တန်းတာက မူးယစ်တပ်ဖွဲ့ကနေပြီး တိုင်တန်းတာပါ။ သူတို့ကိုကျွန်တော်တို့ စောင့်နေပါတယ်။ သူတို့တိုင်စာကို မူတည်ပြီးတော့ ကျွန်တော်တို့က ပြန်လည်ဖြေကြားလို့ရပါတယ်။ ကျွန်တော်တို့ကအဓိကကတော့ အရေးကြီးတာက တိုင်စာပါ။မူယစ်တပ်ဖွဲ့စုက ဖမ်းတဲ့အတွက်ကြောင့် မူးယစ်တပ်ဖွဲ့စုရဲ့တိုင်စာကို ကျွန်တော်တို့စောင့်ပါတယ်။ အဲဒီတိုင်စာပေါ် မူတည်ပြီးမှ ဘယ်ပုဒ်မ တပ်ရမလဲဆိုတာဆောင်ရွက်ပါမယ်။ ဆောင်ရွက်ပြီးလို့ရှိရင်တော့ ကျွန်တော်တို့ကြေညာပေးဖို့အသင့်ပါပဲ” ဟု ဗဟန်းမြို့မရဲစခန်းမှူးက အတည်ပြုပြောကြားသည်။

 

အဆိုတော် ဖြိုးပြည့်စုံ အား မြန်မာပလာဇာတွင် သူငယ်ချင်းများနှင့်အတူထိုင်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရေးသားပျံ့နှံ့လျက်ရှိပြီး အဆိုတော် ဖြိုးပြည့်စုံ၏ သူငယ်ချင်းဟု ယူဆရသူများကို ရဲတပ်ဖွဲ့ဝင်များက မြန်မာပလာဇာတွင် ဝင်ရောက်ဖမ်းဆီးခြင်းကို ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent