မန်ယူကစားသမားဘဝ အဆိုးရွားဆုံးကာလအပိုင်းအခြားဟု ဒီဟေးယား ဝန်ခံ

မန်ယူကစားသမားဘဝ အဆိုးရွားဆုံးကာလအပိုင်းအခြားဟု ဒီဟေးယား ဝန်ခံ
Published 7 October 2019

 

 

နယူးကာဆယ်အသင်းအား (၀-၁)ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ၎င်း၏မန်ယူကစားသမားဘဝ အဆိုးရွားဆုံးကာလအပိုင်းအခြားဖြစ်သည်ဟု မန်ယူဂိုးသမား ဒီဟေးယားက ပြောကြားခဲ့သည်။

(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီဟေးယားသည် ၂၀၁၁ ခုနှစ်က အက်သလက်တီကိုအသင်းမှ ပြောင်းရွှေ့လာပြီး မကြာသေးမီကမှ ၂၀၂၃ ခုနှစ်အထိ အသင်းနှင့်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားခဲ့သည်။

'' ဟုတ်ပါတယ်။ အဆိုးရွားဆုံးအချိန် ဖြစ်နိုင်ပါတယ်။ အခက်ခဲဆုံးကာလပါပဲ။ ကျွန်တော် ဒီကို ရောက်ချိန်ကတည်းကပေါ့။ အသင်းမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ ပြီးခဲ့တဲ့(၂)ပွဲမှာ ကျွန်တော်တို့ တစ်ဂိုးတောင်မသွင်းနိုင်ခဲ့ပါဘူး။ ပရိသတ်တွေကို တောင်းပန်ပါတယ်''ဟု ဒီဟေးယားက ပြောကြားခဲ့သည်။

ထို့ပြင် နေရာမှန်ပြန်ရောက်အောင် ကြိုးစားသွားမည်ဟု ဒီဟေးယားက ကြုံးဝါးခဲ့သည်။

'' ကျွန်တော်တို့ ပြန်လည်တိုက်ပွဲဝင်သွားမှာ အသေအချာပါပဲ။ ကျွန်တော်တို့ ပြန်လာပါလိမ့်မယ်။ လက်ရှိအခြေအနေကတော့ ခက်ခဲတဲ့အနေအထားပါ။ အသင်းက ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ လိုအပ်နေတယ်။ ကျွန်တော်တို့မှာ အဓိကကစားသမားတချို့ ဒဏ်ရာရခဲ့ပေမယ့် ဒါက ဆင်ခြေမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းပါ။ ထရိန်နင်မှာ ကြိုးစားလေ့ကျင့်ပြီး နိုင်ပွဲရရေး တိုက်ပွဲဝင်သွားဖို့ လိုအပ်နေပါတယ်'' ဟု ဒီဟေးယားက မှတ်ချက်ပြုခဲ့သည်။

 

Most Read

Most Recent