ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၅၈)သန်းဖြင့် ရောက်ရှိလာခဲ့သော ပူလီဆစ်သည် ယခုရာသီအစ ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် (၃)ပွဲကစားခွင့် ရရှိခဲ့သော်လည်း သြဂုတ်လနောက်ပိုင်းမှ စတင်၍ အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်း၏ အမေရိကန်လက်ရွေးစင်တောင်ပံကစားသမား ပူလီဆစ်သည် လက်ရှိနည်းပြ လမ်းပတ်၏လက်အောက်တွင် ပုံမှန်ကစားခွင့် ပျောက်ဆုံးနေခြင်းကြောင့် အသင်းနှင့် သူ၏အနာဂတ်ကို စဉ်းစားနေပြီဖြစ်ကြောင်း သိရှိရသည်။
ပူလီဆစ်သည် စက်တင်ဘာလအတွင်းကစားခဲ့သော ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် တစ်ပွဲမှ ပါဝင်ကစားခွင့်မရရှိခဲ့ဘဲ ချန်ပီယံလိဂ်ပွဲစဉ် လိုင်လီ (၁-၂) ချယ်လ်ဆီးပွဲတွင်လည်း အရန်ကစားသမား စာရင်း၌ပင် ပါဝင်ခဲ့ခြင်းမရှိပေ။ ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၅၈)သန်းဖြင့် ရောက်ရှိလာခဲ့သော ပူလီဆစ်သည် ယခုရာသီအစ ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် (၃)ပွဲကစားခွင့် ရရှိခဲ့သော်လည်း သြဂုတ်လနောက်ပိုင်းမှ စတင်၍ အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရခြင်းဖြစ်သည်။
သို့ဖြစ်ရာ ချယ်လ်ဆီးအသင်းနှင့် သူ၏အနာဂတ်ကို စဉ်းစားနေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး အမေရိကန် ပရိသတ်အချို့ကလည်း လမ်းပတ်အနေဖြင့် အသင်းတွင် အင်္ဂလန်လူငယ်ကစား သမား များကိုသာ နေရာပေးနေကြောင်း စွပ်စွဲပြောကြားခဲ့ကြသည်။ လမ်းပတ်က ပူလီဆစ်အနေဖြင့် ချယ်လ်ဆီးအသင်းတွင်သာဆက်ကစားပြီး ပုံမှန်နေရာရရန်အတွက် တိုက်ပွဲဝင်ရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။ အမေရိကန်လက်ရွေးစင်အသင်းအတွက် (၃၂)ပွဲကစားခွင့်ရရှိထားသူ ပူလီဆစ်သည် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၆)ပွဲသာ ကစားခွင့်ရထားသည်။