နိုင်ငံ့အကြီးအကဲအဆက်ဆက်တို့သည် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသများတွင် အခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ဟု နိုင်ငံတော်သမ္မတ ပြောကြား

Published 4 October 2019

နိုင်ငံ့အကြီးအကဲ အဆက်ဆက်တို့သည် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့်  နယ်စပ်ဒေသများတွင် အခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်းအမှတ်စဉ်(၃) ကျောင်းသား၊ ကျောင်းသူများ သြဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်သြဝါဒ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အေးအတူ ပူအမျှ အတူတကွ နေထိုင်လာခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများသည် ကိုလိုနီနယ်ချဲ့တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ရေးစနစ်ကြောင့် တိုင်းရင်းသားအချင်းချင်းအကြား သံသယများပွားပြီး အထင်အမြင်များလွဲမှားကာ စိတ်ဝမ်းကွဲပြားမှုများဖြစ်ခဲ့ကြရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“ဒါဟာ နိုင်ငံတော်အတွက် ယနေ့တိုင် မပြီးဆုံးနိုင်သေးတဲ့ လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေထဲက အချက်တစ်ချက်ဖြစ်သလို နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အဟန့်အတားဖြစ်စေတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေလည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို သိမြင်နားလည်ခဲ့ကြတဲ့ နိုင်ငံ့အကြီးအကဲအဆက်ဆက်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့တဲ့ နယ်စပ်ဒေသတွေမှာ အခြေခံအဆောက်အအုံများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအရေးကြီးကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသများတွင်ရှိသည့် တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနဟာ နယ်စပ်ဒေသက တိုင်းရင်းသားများ အခြေခံပညာကို အခမဲ့သင်ယူနိုင်ရုံသာမက အဆင့်မြင့်ပညာရပ်များကိုလည်း အခမဲ့သင်ယူခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိတွင် တိုင်းရင်းသားလူငယ်များ အခြေခံပညာကို အခမဲ့သင်ယူနိုင်ရန် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်း ၄၅ ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အဆင့်မြင့် ပညာရပ်များကိုလည်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့တွင်  အခမဲ့သင်ယူနိုင်ကြောင်း နိုင်ငံတော်သမ္မတကဆိုသည်။

“ဒါဟာ နိုင်ငံတော်က နိုင်ငံတော်တစ်ဝန်းလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသက တိုင်းရင်းသားလူငယ်တွေကို အရည်အချင်းပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာအောင် သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါ တယ်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးဆုံးနဲ့ အဓိကအကျဆုံးကတော့ ပညာရေးကဏ္ဍပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဟာ ထိုနိုင်ငံမှာရှိတဲ့ လူငယ်များရဲ့ ပညာရေးပဲဖြစ်ပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်အဖြစ် ပေါ်ထွန်းလာရုံသာမက ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် ရပ်တည်နိုင်ရန် မျှော်မှန်းကြိုးပမ်းလျက်ရှိကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း- MSDP (၂၀၁၈-၂၀၃၀) ကိုရေးဆွဲချမှတ် စီမံဆောင်ရွက်ပေးနေကြောင်း၊ အဆိုပါ MSDP စီမံကိန်း၏ ပန်းတိုင် (၄) မှာ ၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဟု သတ်မှတ်ထားပြီး မဟာဗျူဟာများထဲတွင်လည်း အရည်အသွေးမြင့်မားသော ရာသက်ပန် ပညာရေးဆိုင်ရာ အခွင့်အလမ်း တန်းတူရရှိရေးဆိုသည့် မဟာဗျူဟာတစ်ရပ်ပါရှိပြီး နိုင်ငံတော်၏ ပညာရည်ပြည့်ဝလာရန် မျှော်မှန်းချက်ပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

Most Read

Most Recent