![Photos: Getty Images](https://news-eleven.com/sites/news-eleven.com/files/styles/news_detail_image/public/news-images/bp_moussa_dembele_040219_91.jpg?itok=2ASiOGEh)
ယင်းသတင်းစာ၏ ဖော်ပြချက်အရ မန်ယူအသင်းကင်းထောက်များသည် ပြင်သစ်လီဂူးပွဲစဉ်များကို ပုံမှန်သွားရောက်ကြည့်ရှုပြီး မူဆာဒမ်ဘီလီ၏ ခြေစွမ်းကို အစဉ်အမြဲ သွားရောက်လေ့လာ အကဲခတ်လျက်ရှိကြောင်း သိရှိ ရသည်။
မန်ယူအသင်းသည် ပြင်သစ်ကလပ် လိုင်ယွန်အသင်း၏ တိုက်စစ်မှူး မူဆာဒမ်ဘီလီ (၂၃ နှစ်)အား လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ပစ်မှတ်ထား နေကြောင်း ပြင်သစ်သတင်းစာ Le 10 Sport က ဖော်ပြခဲ့သည်။
ယင်းသတင်းစာ၏ ဖော်ပြချက်အရ မန်ယူအသင်းကင်းထောက်များသည် ပြင်သစ်လီဂူးပွဲစဉ်များကို ပုံမှန်သွားရောက်ကြည့်ရှုပြီး မူဆာဒမ်ဘီလီ၏ ခြေစွမ်းကို အစဉ်အမြဲ သွားရောက်လေ့လာ အကဲခတ်လျက်ရှိကြောင်း သိရှိရသည်။
လိုင်ယွန်အသင်းမှာ ယခုရာသီတွင် ရလဒ်များဆိုးရွားနေသော်လည်း မူဆာဒမ်ဘီလီမှာမူ အသင်းအတွက် ခြေစွမ်းပြကစားနေကြောင်း သိရသည်။