စပါးအသင်း၏ စံချိန်တင် အိမ်ကွင်းရှုံးနိမ့်မှုများ

စပါးအသင်း၏ စံချိန်တင် အိမ်ကွင်းရှုံးနိမ့်မှုများ
Photo: EPA
Photo: EPA
Published 2 October 2019

စပါးအသင်းသည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း၌ (၇)ဂိုးအထိ ပေးခဲ့ရခြင်းမှာ အသင်း၏ (၁၃၇)နှစ်သက်တမ်းတွင် ပထမဆုံးအကြိမ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

စပါးအသင်းသည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း၌ (၇)ဂိုးအထိ ပေးခဲ့ရခြင်းမှာ အသင်း၏ (၁၃၇)နှစ်သက်တမ်းတွင် ပထမဆုံးအကြိမ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ထို့ပြင် စပါးအသင်းသည် ဥရောပပြိုင်ပွဲများတွင် ပွဲစဉ် (၁)ပွဲအတွင်း (၇)ဂိုးအထိ ပေးရသည့် ပထမဆုံးအင်္ဂလန်ကလပ်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

စပါးအသင်းသည် အဓိကပြိုင်ပွဲများတွင် ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလက ပရီးမီးယားလိဂ်ပွဲစဉ် နယူးကာဆယ် (၇-၁) စပါး ပွဲပြီးနောက် ပထမဆုံးအကြိမ် (၇)ဂိုးအထိ ပေးခဲ့ရခြင်း ဖြစ်သည်။ 

■ အိမ်ကွင်းတွင် စပါးအသင်း ဂိုးအများဆုံးပေးခဲ့ရသည့်ပွဲစဉ်များ 

စပါး ၂-၇ ဘိုင်ယန်မြူးနစ် (ချန်ပီယံလိဂ်အုပ်စုအဆင့်၊ ၁-၁၀-၂၀၁၉)

စပါး ၀-၆ ဆန်းဒါးလန်း (အဆင့်မြင့်တန်း၊ ၁၉-၁၂-၁၉၁၄)

စပါး ၀-၆ အာဆင်နယ် (အဆင့်မြင့်တန်း၊ ၆-၃-၁၉၃၅)

Most Read

Most Recent