လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့မိမြို့ဖက ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းကို ယှဉ်ပြိုင်စေသည့်မူဝါဒ အကောင်အထည်ပြန်ဖော်ရန် စဉ်းစားနေဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ပြောကြား

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့မိမြို့ဖက ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းကို ယှဉ်ပြိုင်စေသည့်မူဝါဒ အကောင်အထည်ပြန်ဖော်ရန် စဉ်းစားနေဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ပြောကြား
Published 1 October 2019
ယဉ်မျိုးသွယ်

လာမည့် ၂၀၂ဝရွေးကောက်ပွဲတွင် မြို့မိမြို့ဖကရွေးချယ်သည့် ကိုယ်စားလှယ် လောင်းကို ယှဉ်ပြိုင်စေသည့်မူဝါဒကို အကောင်အထည် ပြန်ဖော်ရန် စဉ်းစားနေဟု NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုနှင့်ပတ်သက်ပြီး မည်သို့စံထား ဆောင်ရွက်သွားမည်ဆိုသည့် မေးခွန်းအား ဖြေကြားရာတွင် ၁၉၉၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို ရပ်မိရပ်ဖများမှ ရွေးချယ်သည့် မူဝါဒ ကို ပြန်လည်အကောင်အထည်ဖော်သွားရန် စဉ်းစားနေသည်ဟု ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“အဖွဲ့ဝင်ဖြစ်ရမယ်။ တူခဲ့တယ်ဆိုရင် လူငယ်တွေ ဦးစားပေးရမယ်။လူငယ်ချင်းတူရင် အမျိုးသမီး ဦးစားပေးရမယ်။အမျိုးသမီးချင်းတူရင် တိုင်းရင်းသားဦးစားပေးမယ်။အဲဒီမူတွေက ရှိပြီးသားပါ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ မြို့မိမြို့ဖ ပါမယ်။၉ဝတုန်း က ကျွန်တော်တို့ က ုိရွေးခဲ့တုန်းက မြို့မိမြို့ဖ က ရွေးခဲ့တာ။ ပါတီကမရွေးဘူး။ရှစ်လေးလုံး အရေးခင်းပြီးခါစပေါ့လေ။ ၉ဝရွေး ကောက်ပွဲ လုပ်တော့ ရပ်မိရပ်ဖတွေက အားကောင်းလို့ ရှိရင် ရပ်မိရပ်ဖတွေကရွေးတာ။ အခု အဲဒီဟာကို အကောင်အထည်ပြန်ဖော်ဖို့ စဉ်းစား ထားတယ်။ ရပ်မိရပ်ဖတွေက ကျွန်တော်တို့ နာယကတွေအနေနဲ့ ဖွဲ့ပြီးသား။ အဲတော့ သူတို့ကို ဒီတစ်ခေါက် ဦးဆောင်ပြီးတော့ ကိုယ်စားလှယ်ရွေးဖို့ဟာကို စီစဉ်ထားတာ ပေါ့နော်။ အခြေခံမူတွေကတော့ ချပြီးပါပြီ။ ဒါကို ကျွန်တော်တို့က CEC ထိုင်ပြီးတော့ ကြေညာချက်ထုတ်မှာပေါ့” ဟု NLDပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ ၏ အကဲဖြတ်မှတ်တမ်းများကို ပြည်ထောင်စု အဆင့်ဆိုလျှင် ပြည်ထောင်စုမှ အကဲဖြတ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်ကိုမူ ထုတ်ပြန်ပြီးဖြစ်ကာ အဆိုပါမူဖြင့် အကဲဖြတ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအကဲဖြတ်မှတ်တမ်း ဆုံးဖြတ်ချက်အရ လက်ရှိကိုယ်စားလှယ်များ အားပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း၊ တိုင်ကြားစာများလည်း ရှိနေရာ အခြေအနေ ပေါ်မူတည်ပြီး၂၀၂၀ ရွေးကောက်ပွဲ ရွေး ကောက်ပွဲ ကိုယ်စားလှယ်လောင်းများရွေး ချယ်သွားမည်ဟု ပြောကြားခြင်းဖြစ်သည်။

 

 

Most Read

Most Recent