အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခုတွင် ကတိဖြစ်ခဲ့သည့် မေးခွန်း ၆၃ ခုရှိခဲ့သည့်အနက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကတိ ၁၁ ခုဖြင့် အများဆုံးကတိဖြစ်ခဲ့

အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခုတွင် ကတိဖြစ်ခဲ့သည့် မေးခွန်း ၆၃ ခုရှိခဲ့သည့်အနက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကတိ ၁၁ ခုဖြင့် အများဆုံးကတိဖြစ်ခဲ့
Published 28 September 2019
စိုးမင်းထိုက်

အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခုတွင် ကတိဖြစ်ခဲ့သည့်မေးခွန်း ၆၃ ခုရှိခဲ့သည့်အနက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကတိ ၁၁ ခုဖြင့် အများဆုံးကတိဖြစ်ခဲ့ကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မေးခွန်း ၂၁ ခုဖြေကြားရာ၌ မေးခွန်း ၁၁ ခု ကတိ ဖြစ်ပေါ်ခဲ့ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မေးခွန်း ၁၆ ခု ဖြေ ကြားရာတွင် ကိုးခုကတိဖြစ်ပေါ်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် မေးခွန်း ၁၇ ဖြေကြားရာ၌ မေးခွန်းအားလုံး ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မေးခွန်း ၁၁ ခုဖြေကြားရာ၌ မေးခွန်းငါးခုကတိဖြစ်ပေါ်ခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနအနေဖြင့် မေးခွန်းရှစ်ခု ဖြေကြားရာ၌ မေးခွန်းငါးခု ကတိဖြစ်ပေါ်ခဲ့ကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ မေးခွန်းတစ်ခုဖြေကြားပြီး ကတိဖြစ်ပေါ်ခဲ့ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မေးခွန်းတစ်ခုဖြေကြားရာ၌ ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မေးခွန်းခြောက်ခုဖြေ ကြားရာ၌ ကတိနှစ်ခုဖြစ်ပေါ်ခဲ့ကြောင်း၊ သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မေးခွန်းသုံးခုဖြေကြားရာ၌ တစ်ခုကတိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မေးခွန်းငါးခု ဖြေကြားရာ၌ ကတိနှစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မေးခွန်းငါးခု ဖြေကြားရာ၌ ကတိလေးခုဖြစ်ပေါ်ခဲ့ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်  မေးခွန်းလေးခုဖြေကြားရာ၌ ကတိတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေ ဖြင့် မေးခွန်းတစ်ခုဖြေကြားရာ၌ ကတိဖြစ် ပေါ်ခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မေးခွန်းတစ် ခုဖြေကြားရာတွင် ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မေးခွန်းလေးခုဖြေကြားရာ၌ ကတိတစ်ခုဖြစ် ပေါ်ခဲ့ကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် မေးခွန်းနှစ်ခုဖြေကြားရာ၌ ကတိ တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း၊ အချို့ဝန်ကြီးဌာန များအနေဖြင့် မေးခွန်းများ ဖြေကြားရာတွင် ကတိဖြစ်ပေါ်မ ှုမရှိခဲ့ကြောင်း ယင်းအစီရင်ခံ စာအရ သိရသည်။

အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၇၆၁ ခုနှင့်ကြယ်ပွင့်မပြ မေးခွန်းများမှ မေးခွန်း ၉၄၁ ခု ကတိဖြစ်ပေါ်ခဲ့ ကြောင်း အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့်အဆိုများ၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ အားတင်သွင်းစဉ် ထည့်သွင်းဖော်ပြထား ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၃၃ ခုအနက် မေးခွန်း ၂၃ ခု ကတိဖြစ်ပေါ်ခဲ့ပြီး ကြယ်ပွင့်မပြမေးခွန်း ၂၆ ခုအနက် ၁၄ ခု ကတိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒုတိယပုံမှန်အစည်းအ ဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၄၇ ခုအနက် မေးခွန်း ၈၈ ခု ကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့် မပြမေးခွန်း ၇၂ ခုအနက် ၃၄ ခု ကတိဖြစ် ပေါ်ခဲ့ကြောင်း၊ တတိယပုံမှန်အစည်းအဝေး တွင် ကြယ်ပွင့်ပြမေးခွန်း ၁၀၄ ခုအနက် မေး ခွန်း ၅၄ ခုကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြ မေးခွန်း ၆၂ ခုအနက် ၃၂ ခု ကတိဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ထို့အတူ အမျိုးသားလွှတ်တော ် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၉၀ ခုအနက် မေးခွန်း ၅၀ ကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြမေးခွန်း ၁၃၀ အနက် ၇၆ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ပဥ္ဇမ ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၂၃၅ ခုအနက် မေးခွန်း ၁၄၇ ခု ကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြမေးခွန်း ၂၀၉ ခုအနက် ၁၁၉ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၆၈ ခုအနက် မေးခွန်း ၃၆ ခု ကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြမေးခွန်း ၅၆ ခုအနက် ၂၉ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း ယင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၀၆ ခုအနက် ၆၁ ခုကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြမေးခွန်း ၁၈၄ ခုအနက် ၁၁၂ ခု ကတိဖြစ် ပေါ်ခဲ့ကြောင်း၊ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၈၆ ခုအနက် မေးခွန်း ၅၄ ခုကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြမေး ခွန်း ၁၂၄ ခုအနက် ၈၇ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ နဝမပုံမှန်အစည်းအဝေးတွင် ကြယ် ပွင့်ပြမေးခွန်း ၈၇ ခုအနက် ၅၀ ခု ကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြမေးခွန်း ၁၅၄ ခုအ နက် ၈၈ ခုကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၀၅ ခုအနက် မေးခွန်း ၆၈ ခု ကတိဖြစ်ပေါ်ခဲ့ ကာ ကြယ်ပွင့်မပြမေးခွန်း ၁၀၂ ခုအနက် ၇၁ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၂၁ခုအနက် ၆၇ ခု ကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြမေးခွန်း ၃၀၃ ခုအနက် ၁၉၉ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၁ရခုအနက် ၆၃ ခု ကတိဖြစ်ပေါ်ခဲ့ကာ ကြယ်ပွင့်မပြမေးခွန်း ၁၅၃ခုအနက် ၈၀ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 

 

Most Read

Most Recent