အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ကစားရန် ပေါ့ဘာအသင့်ဖြစ်နေပြီဟု ဆိုးလ်ရှားပြောကြား

အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ကစားရန် ပေါ့ဘာအသင့်ဖြစ်နေပြီဟု ဆိုးလ်ရှားပြောကြား
Photos: Getty Images
Photos: Getty Images
Published 25 September 2019

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအနေဖြင့် လက်ရှိအချိန်တွင် ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်းနှင့် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုးလ်ရှားက ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒဏ်ရာကြောင့် အနားယူနေရသည့် အသင်းကွင်းလယ်လူ ပေါ့ဘာအနေဖြင့် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါ့ဘာသည် ဒူးဒဏ်ရာကြောင့် ယခုလအတွင်းပွဲလုံးဝကစားနိုင်သေးခြင်းမရှိသေးဘဲ ပြင်သစ်အသင်း၏ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များကို လွဲချော်ခဲ့သလို၊ မန်ယူအသင်း၏ ပွဲစဉ်များတွင်လည်း ပါဝင်ကစားနိုင်ခြင်းမရှိသေးပေ။

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအနေဖြင့် လက်ရှိအချိန်တွင် ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်းနှင့် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုးလ်ရှားက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆိုးလ်ရှားက '' ပေါ့ဘာဟာ ဒူးဒဏ်ရာပြန်လည်သက်သာလာပါပြီ။ သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့မှာကစားမယ့် ရော့ချ်ဒေးလ်နဲ့ လိဂ်ဖလားပွဲမှာ မိနစ်အနည်းငယ် ပါဝင်ကစားကောင်းကစားနိုင်ပါတယ်။ ဒါပေမဲ့သေချာတာကတော့ စက်တင်ဘာလ (၃၀)ရက်နေ့ကစားမယ့် အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားဖို့သေချာပါတယ်'' ဟုပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားနေပြီး ပွဲစဉ် (၆)အပြီးတွင် ရမှတ် (၈)မှတ်သာ ရရှိထားကာ အဆင့် (၁)နေရာမှ လီဗာပူးလ်အသင်းနှင့် (၁၀)မှတ်အထိကွာဟလျက်ရှိသည်။ မန်ယူအသင်းသည် စက်တင်ဘာလ (၃၀)ရက်နေ့တွင် အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ် (၇)အဖြစ် အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

Most Read

Most Recent