Nike နှင့်စာချုပ်ချုပ်ဆိုရန် လီဗာပူးလ်အသင်း သဘောတူညီမှုရခဲ့ပြီး လက်ရှိစပွန်ဆာ NB က ဥပဒေကြောင်းအရ တရားစွဲ

Nike နှင့်စာချုပ်ချုပ်ဆိုရန် လီဗာပူးလ်အသင်း သဘောတူညီမှုရခဲ့ပြီး လက်ရှိစပွန်ဆာ NB က ဥပဒေကြောင်းအရ တရားစွဲ
Photos: Getty Images
Photos: Getty Images
Published 25 September 2019

လက်ရှိစပွန်ဆာ New Balance (NB) နှင့် ချုပ်ဆိုထားသည့်စာချုပ်တွင် အခြားကုမ္ပဏီများပေးသည့် ငွေကြေးအတိုင်း  လိုက်ပေးနိုင်ပါက စာချုပ်သက်တမ်းတိုးခွင့် ရှိသည့်အချက်ပါဝင်ပြီး NB အနေဖြင့် ယင်း အချက်အတိုင်း တရားစွဲဆိုခဲ့ကြောင်းသိရသည်။ 

 

လီဗာပူးလ်အသင်းသည် နာမည်ကြီး အားကစားပစ္စည်းကုမ္ပဏီ Nike နှင့် လာမည့်ရာသီမှစ၍ ဝတ်စုံစပွန်ဆာစာချုပ် ချုပ်ဆိုရန် အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီး တရားဝင်ကြေညာရန်သာ ကျန်ရှိတော့ကြောင်း ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ Nike နှင့်စာချုပ်အရ လီဗာပူးလ်အသင်းသည် တစ်ရာသီလျှင် ပေါင်သန်း ၈၀ ရရှိမည်ဖြစ်ပြီး လက်ရှိအများဆုံး မန်ယူ(ပေါင် ၇၅ သန်း) ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်တွင် စံချိန်သစ်တင်နိုင်မည်ဖြစ်သည်။

သို့သော် လက်ရှိစပွန်ဆာ New Balance (NB) နှင့် ချုပ်ဆိုထားသည့်စာချုပ်တွင် အခြားကုမ္ပဏီများပေးသည့် ငွေကြေးအတိုင်း  လိုက်ပေးနိုင်ပါက စာချုပ်သက်တမ်းတိုးခွင့် ရှိသည့်အချက်ပါဝင်ပြီး NB အနေဖြင့် ယင်း အချက်အတိုင်း တရားစွဲဆိုခဲ့ကြောင်းသိရသည်။ 

လီဗာပူးလ်အသင်း၏ပြောရေးဆို ခွင့်ရှိသူတစ်ဦးက "အသင်းဝတ်စုံ စပွန်ဆာ New Balance က ကလပ်အသင်းနဲ့ အငြင်းပွားမှုအပေါ်  တရားစွဲဆိုထားပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ မှတ်ချက်မပေးလိုပါဘူး" ဟု ပြောကြားခဲ့သည်။ လီဗာပူးလ်နှင့် New Balance တို့ ချုပ်ဆိုထားသည့် စပွန်ဆာစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိစာချုပ်အရ တစ်နှစ် ပေါင် ၄၅ သန်း ရရှိနေသည်။

 

Most Read

Most Recent