ပုံမှန်ခြေစွမ်းပျောက်ဆုံးနေမှုကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည့် ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်က မိမိအနေဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တမရကြောင်းနှင့် အသင်းတွင် ပျော်ရွှင်နေကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက အေဂျက်စ်အသင်းနှင့်အတူ တောက်ပခဲ့သည့် နယ်သာလန်နောက်ခံလူ ဒီလစ်အား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီးများစွာက စိတ်ဝင်စားခဲ့ကြသော်လည်း ဒီလစ်က ဂျူဗင်တပ်စ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အသက် (၂၀)နှစ်အရွယ်ရှိ ဒီလစ်သည် ဂျူဗင်တပ်စ်အသင်း၌ ပွဲထွက်ခွင့်ရရှိနေသော်လည်း ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
သို့သော် ဒီလစ်က မိမိအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း Tuttosport နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
'' အေဂျက်စ်အသင်းမှာ ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေနဲ့ ဂျူဗင်တပ်စ်အသင်းမှာ ကြုံတွေ့ရတဲ့အခြေအနေတွေက အများကြီးကွာခြားပါတယ်။ ဒါပေမဲ့ ကျွန်တော်အဆင်ပြေပါတယ်။ ဂျူဗင်တပ်စ်အသင်းကို ရွေးချယ်ခဲ့တဲ့အတွက်လည်း ကျွန်တော်ဝမ်းသာမိ ပါတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ အီတလီစကားကို လေ့လာသင်ယူနေပါတယ်။ ဒါတင်မကသေးပါဘူး။ နယ်သာလန်နဲ့ အီတလီဟာ ဘောလုံးကစားပုံခြင်းလည်း ကွာခြားလို့ ကျွန်တော့်အနေနဲ့ အဲဒီအပိုင်းမှာလည်း သင်ယူမှုတွေ ပြုလုပ်နေပါတယ်။ ဘာပဲပြောပြော လောလောဆယ်မှာတော့ ဂျူဗင်တပ်စ်အသင်းမှာ ကျွန်တော်ပျော်ရွှင်နေပါတယ်'' ဟု ဒီလစ်က ပြောကြားခဲ့သည်။