ဝက်စ်ဟမ်းအသင်း၏ ချီလီလူမျိုး နည်းပြ ပယ်လီဂရီနီသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဖာဂူဆန်ခေတ်လွန် မန်ယူအသင်းနည်းပြ (၄)ဦးစလုံးကို အနိုင် ရရှိသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ပယ်လီဂရီနီသည် ၂၀၁၃ ခုနှစ်၊ နွေရာသီတွင် စပိန်မြေမှ အင်္ဂလန်သို့ ပထမဆုံးရောက်ရှိလာပြီး မန်စီးတီးအသင်းကို (၃)နှစ်ကြာကိုင်တွယ်ခဲ့သည်။
ယင်း(၃)နှစ်အတွင်း မန်ချက်စတာဒါဘီပွဲစဉ်များတွင် ပယ်လီဂရီနီ၏ မန်စီးတီးအသင်းမှာ စကော့တစ်ရှ်လူမျိုးနည်းပြ ဒေးဗစ်မွိုက်စ်၊ ဒတ်ချ်လူမျိုးနည်းပြ ဗန် ဟားလ်တို့ကိုင်တွယ်သော မန်ယူအသင်းကို အနိုင်ရရှိခဲ့သည်။

ထို့နောက် ပယ်လီဂရီနီသည် ၂၀၁၆ နွေရာသီတွင် မန်စီးတီးအသင်း နှင့် လမ်းခွဲခဲ့ပြီး တရုတ်ကလပ် ဟူဘေးချိုင်းနားအသင်းကို (၂)နှစ်ကြာကိုင် တွယ်ခဲ့သည်။
၂၀၁၈ မေလတွင် ဝက်စ် ဟမ်းအသင်းကို စတင်ကိုင်တွယ်ခဲ့သော ပယ်လီဂရီနီသည် မန်ယူအသင်းနှင့်တွေ့ဆုံသော အိမ်ကွင်းပွဲစဉ်များတွင် (၂)ရာ သီဆက်အနိုင်ရရှိခဲ့ပြီး ပြီးခဲ့သည့်ရာသီ က မော်ရင်ဟို၊ ယခုရာသီတွင် ဆိုးလ်ရှားတို့အား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းကို ပယ်လီဂရီနီ အနိုင်ရခဲ့သည့်ပွဲစဉ်များ
ရာသီ ပွဲ မန်ယူနည်းပြ
၂၀၁၃-၁၄ မန်စီးတီး ၄-၁ မန်ယူ ဒေးဗစ်မွိုက်စ်
မန်ယူ ၀-၃ မန်စီးတီး ဒေးဗစ်မွိုက်စ်
၂၀၁၄-၁၅ မန်စီးတီး ၁-၀ မန်ယူ ဗန်ဟားလ်
၂၀၁၈-၁၉ ဝက်စ်ဟမ်း ၃-၁ မန်ယူ မော်ရင်ဟို
၂၀၁၉-၂၀ ဝက်စ်ဟမ်း ၂-၀ မန်ယူ ဆိုးလ်ရှား















