Blackpink အဖွဲ့မှ အဆိုတော် လီဆာက ထိုင်းရေဘေးသင့်သူများအတွက် လှူဒါန်း

Blackpink အဖွဲ့မှ အဆိုတော် လီဆာက ထိုင်းရေဘေးသင့်သူများအတွက် လှူဒါန်း
Photo : Getty Images
Photo : Getty Images
Published 20 September 2019

အောင်မြင်သော ကေပေါ့ပ် အမျိုးသမီး အဆိုတော်အဖွဲ့ Blackpink မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာသည် မကြာသေးမီက ရေလွှမ်းမိုးမှု ကြုံတွေ့ခဲ့ရသော ၎င်း၏ဇာတိဖြစ်သည့် ထိုင်းနိုင်ငံ၏ ဘူရီရမ်ပြည်နယ်မှ ရေ ဘေးသင့်သူများအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းဌာနအများအပြားကဖော်ပြခဲ့ကြသည်။

မုတ်သုံမိုးသည်းထန်မှုကြောင့် ထိုင်းနိုင်ငံ၏ ပြည်နယ် ၃၂ ခုတွင် ရေလွှမ်းမိုးမှု ဆိုးရွားခဲ့ပြီး လူ ၃၃ ဦး သေဆုံးခဲ့သည်ဟုလည်း သတင်း များက ဖော်ပြခဲ့ကြသည်။

လီဆာနှင့် ဆက်နွှယ်မှုရှိသော ထိုင်းဘလော့ဂါ Koa က လီဆာသည် ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် ထိုင်းသရုပ်ဆောင် Bin Bunluerit ၏ အကူအညီပေးရေးအဖွဲ့ထံ ဘတ် ၁၀၀၀၀၀ (ဒေါ်လာ ၃၂၀၀ ကျော်) လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်။ အလှူငွေ လက်ခံဖြတ်ပိုင်း၏ ဓာတ်ပုံအား Twitter ၌ တင်လျက် Koa က လီဆာသည် ရေလွှမ်းမိုးမှုတွင် ခံစားခဲ့ရသူအားလုံးအတွက် အထောက်အပံ့ နည်းနည်းဖြစ်စေ ပါဝင်လို နေကြောင်းနှင့် အခြေအနေအားလုံးသည် ပြန်လည်ကောင်းမွန်မည်ဟု မျှော်လင့်နေ ကြောင်း ပြောကြားခဲ့သည်။

အသက် ၂၂ နှစ်ရှိ ထိုင်းနိုင်ငံသား လီ ဆာသည် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော Blackpink အဖွဲ့၏ အဖွဲ့ဝင်လေး ဦးအနက် တစ်ဦးဖြစ်သည်။ သူသည် ကေ့ပေါ့ပ်လောက တွင် Follower အများဆုံး ရရှိထားသည့် ထင်ရှားကျော်ကြားသူများအနက် တစ်ဦးဖြစ် သည်။ မကြာသေးမီကလည်း Coachella ဂီတပွဲတော်တွင် Blackpink အဖွဲ့က ဖျော်ဖြေခဲ့ရာ ထိုဂီတပွဲတော်သမိုင်းတွင် ဖျော်ဖြေ ခဲ့သည့် ပထမဆုံး ကေပေါ့ပ်အဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လီဆာ၏ လှူဒါန်းမှုအား ပရိသတ်များ က သဘောကျ နှစ်ခြိုက်ခဲ့ကြပြီး Twitter အသုံးပြုသူတစ်ဦးက လီဆာအတွက် ဂုဏ်ယူကြောင်းနှင့် အမှန်တကယ် ထူးကဲသူတစ်ဦး ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ အခြားပရိသတ် တစ်ဦးကလည်း ရေဘေးသင့်ပြည်သူများအတွက် အလွန်အမင်း ဂရုစိုက်ခဲ့သည့် လီဆာ အား ကျေးဇူးတင်ခဲ့ပြီး အလုပ်အကိုင် အဆင်ပြေစေကြောင်း ဆုတောင်းပေးခဲ့သည်။

ဂျပန်ရော့ခ်အဖွဲ့ X Japan ၏ခေါင်းဆောင်ဖြစ်သူ ယိုရှီကီကလည်း ဂျပန်တွင် မကြာသေးမီက တိုင်ဖွန်းတိုက်ခတ်မှုအတွင်း ထိခိုက်ခံစားခဲ့ရသူများအတွက် လှူဒါန်းမှု ပြုလုပ်ခဲ့သည်။ ဒရမ်တီးခတ်သူ အသက် ၅၃ နှစ်ရှိ ယိုရှီကီက တိုင်ဖွန်းကြောင့် ၎င်းဇာတိ ဖြစ်သော ချီဘာစီရင်စုမှ တာတီယာမာမြို့ နှင့် အခြားနေရာများတွင် ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့သည်ကို သိရှိခဲ့ရကြောင်း စက်တင်ဘာ ၁၁ ရက်တွင် Twitter ၌ ရေး သားခဲ့သည်။

ယင်းနောက် ၎င်းက ချီဘာစီရင်စု၏ မုန်တိုင်းဒဏ်သင့်သူများ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရပ်တည်နိုင်ရန်အတွက် ဂျပန်ကြက် ခြေနီအဖွဲ့သို့ ယန်း ၁၀ သန်း (ဒေါ်လာ ၉၂၆၀၃)  လှူဒါန်းခဲ့သည်။ သြဂုတ်တွင်လည်း ကျိုတို အန်နီမေးရှင်းစတူဒီယို  ရှို့မီးကြောင့် မီးလောင် မှုအတွင်း ထိခိုက်ခံစားခဲ့ရသူများအတွက် ၎င်းင်းက ယန်း ၁ဝသန်း လှူဒါန်းခဲ့သည်။

 

Most Read

Most Recent