မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အနာဂတ်တွင် လူငယ်ကစားသမားများကို ပွဲကစားခွင့်ပိုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အနာဂတ်တွင် လူငယ်ကစားသမားများကို ပွဲကစားခွင့်ပိုပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် အက်စ်တာနာအသင်းအား (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်တွင် လူငယ်ကစားသမားများကို ပွဲထုတ်ခဲ့ပြီး အသင်း၏ ပျမ်းမျှအသက်မှာ (၂၄)နှစ်နှင့် (၁၄၅)ရက်သာ ရှိခဲ့ကြောင်း သိရသည်။
ဆိုးလ်ရှားက အဆိုပါပွဲစဉ်မှ လူငယ်ကစားသမားများ၏ စွမ်းဆောင်မှုကို ချီးကျူးခဲ့ပြီး ၎င်းတို့အနေဖြင့် ပွဲများပိုမိုကစားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဆိုးလ်ရှားက "တကယ်တော့ ဒီပွဲက မိနစ် (၂၀) လောက်ကတည်းက ပြတ်နေရမယ့်ပွဲပါ။ ဒါပေမဲ့ လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်မှုကို ကျွန်တော် ကျေနပ်ပါတယ်။ လူငယ်ကစားသမားတွေကို ယုံကြည်တာကြောင့် ကျွန်တော် အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ လူငယ်ကစားသမားတွေအနေနဲ့ ပွဲတွေ ပိုမိုကစားဖို့ လိုအပ်နေပါတယ်"ဟု ပြောကြားခဲ့သည်။
အက်စ်တာနာအသင်းအား အနိုင်ရသည့်ပွဲတွင် မန်ယူအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သည့် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်းလည်း ဆိုးလ်ရှားက ပြောကြားခဲ့သည်။















