မန္တလေးတိုင်း ဝန်ကြီးချုပ်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပုံနှင့်စာများ ရေးသားနေသဖြင့်ဟုဆိုကာ We Love Dauk Zaw Group မှ အကောင့်ပိုင်ရှင်နှစ်ဦးကို ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူပေးရန် တိုင်ကြား

မန္တလေးတိုင်း ဝန်ကြီးချုပ်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပုံနှင့်စာများ ရေးသားနေသဖြင့်ဟုဆိုကာ We Love Dauk Zaw Group မှ အကောင့်ပိုင်ရှင်နှစ်ဦးကို ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူပေးရန် တိုင်ကြား
Published 18 September 2019
ယဉ်မျိုးသွယ်



မန္တလေးတိုင်း ဝန်ကြီးချုပ်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပုံနှင့်စာများ ရေးသားနေသဖြင့်ဟုဆိုကာ We Love Dauk Zaw Group မှ အကောင့်ပိုင်ရှင်နှစ်ဦးကို ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူပေးရန် ဝန်ကြီးချုပ်ကိုယ်စား တိုင်ကြားထားကြောင်း သိရသည်။

We Love Dauk Zaw Group အတွင်းမှ အကောင့်ပိုင်ရှင် နှစ်ဦးသည် ဝန်ကြီးချုပ်၏ ဓာတ်ပုံများပေါ်တွင် “ပါးချခံရမယ်၊ ငယ်သေးတဲ့အချစ်မို့ မလေးစားတာလားပြောပါ၊ ကျွန်တာ်သိပ်ချစ်တတ်တာ ကျွန်တော်သာ အသိပါ၊ ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်ကွယ်၊ မင်းဆော်ထက် ငါ့ဆော်ပိုမိုက်တယ် ယျောင့် ငါ့ဆော် ပိုမိုက်တယ်” စသော ဂုဏ်သိက္ခာ ကျဆင်းစေမည့် စာသားများအား ရေးသားပြီး အများပြည်သူ  အထင်လွဲအောင် လူမှုကွန်ရက်ပေါ်တွင် ရေးသားနေသဖြင့် အရေးယူပေးရန် အမှတ် (၁၁) ရဲစခန်းသို့ NLD တိုင်းရုံး ပြန်ကြားရေးတာဝန် ထမ်းဆောင်သူ ဦးပုညဆွေမှ ဝန်ကြီးချုပ်ကိုယ်စား လာရောက် တိုင်ကြား ခဲ့သည်ဟု သိရသည်။

အဆိုပါ ဝန်ကြီးချုပ်ပုံနှင့် စာသားများတွဲကာ ရေးသားမှုကို အရေးယူရန် တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး ကာယကံရှင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား လွှတ်တော်တွင် မေးမြန်းရာ “ကျွန်တော်ဒါ ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ခုမှလည်း မဖတ်ဘူး။ Love ဆိုတဲ့ စကားလုံးကို သုံးပြီးတော့ လုပ်ချင်ရာ လုပ်လို့မရဘူး။ ကျွန်တော့်မှာ လွတ်လပ်ခွင့်ရှိတယ်။ ဒီကိစ္စက ပုဂ္ဂိုလ်ရေး ဖြစ်တဲ့ဟာဆိုရင် ကျွန်တော် မဖြေဘူး။ နိုင်ငံရေးအရဆိုရင် ဖြေမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ဖြေကြားခဲ့သည်။

 

 

Most Read

Most Recent