လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း နေမာကိုခေါ်ယူမည်မဟုတ်ကြောင်း ဘာစီလိုနာဥက္ကဋ္ဌ အတည်ပြု

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း နေမာကိုခေါ်ယူမည်မဟုတ်ကြောင်း ဘာစီလိုနာဥက္ကဋ္ဌ အတည်ပြု
Photo: Getty Images & Marca
Photo: Getty Images & Marca
Published 7 September 2019

ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဘာတိုမူက မိမိတို့အသင်းအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းတွင် နေမာကို ခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဘာတိုမူက မိမိတို့အသင်းအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းတွင် နေမာကို ခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

PSG အသင်းတိုက်စစ်မှူး နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်း မရှိပေ။ 

နေမာ၏ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းမရှိသည့်အတွက် ဘာစီလိုနာအသင်းကစားသမားများက ဘာတိုမူကို ဒေါသထွက်နေကြသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ပြီး ယင်းဖော်ပြမှုများမှာ မှန်ကန်ခြင်းမရှိကြောင်း ဘာတိုမူက ဆိုခဲ့သည်။ 

ဘာတိုမူက "လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ဘာစီလိုနာအသင်းကို နေမာ ရောက်လာမှာ မဟုတ်ပါဘူး။ ပြီးတော့ နေမာရဲ့ အပြောင်းအရွှေ့မှာ ဘာစီလိုနာကစားသမားတွေ ပါဝင်ပတ်သက်နေတယ်လို့ သတင်းစာတွေက ဖော်ပြနေတာလည်း မမှန်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ကျွန်တော်တို့အနေနဲ့ နေမာကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နေမာကို ဒီရာသီမှာအငှားနဲ့ ခေါ်ပြီး နောက်ရာသီမှာမှ အပြီးသတ်ခေါ်ဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ နေမာကို ခေါ်ယူဖို့ တခြားအသင်းတွေ စိတ်ဝင်စားတယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ နေမာက အပြောင်းအရွှေ့အတွက် PSG အသင်းကို ဘာစီလိုနာအသင်းနဲ့ပဲ ညှိနှိုင်းဖို့ တောင်းဆိုခဲ့တာပါ။ သူဟာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ တတ်နိုင်တာတွေ အားလုံးကို ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီတော့ နေမာဟာ PSG အသင်းမှာပဲ ဆက်ကစားပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

နေမာသည် ၂၀၁၇ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ PSG အသင်းတွင် (၂) ရာသီ ကစားပြီးနောက် အဆင်မပြေသဖြင့် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးစားခဲ့သည်။

သို့သော် အပြောင်းအရွှေ့ကိစ္စမှာ ဖြစ်မြောက်ခဲ့ခြင်းမရှိဘဲ နေမာသည် ယခုရာသီတွင် PSG အသင်း၌သာ ဆက်ကစားရတော့မည် ဖြစ်သည်။

 

Most Read

Most Recent