တိုင်းရင်းသားများလိုလားသော ‘စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု’တည်ဆောက်ရေးအခန်းကဏ္ဍမှာ ပီပြင်စွာပါဝင်နိုင်ရန် အခြေအနေမရှိတော့သည့်အပြင် ဗဟိုချုပ်ကိုင်မှုစနစ် ကျင့်သုံးပြီး လက်ရှိအာဏာရပါတီ၏ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်လာရသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်ကြောင်း ရခိုင်အမျိုးသားပါတီ ထုတ်ပြန်

တိုင်းရင်းသားများလိုလားသော ‘စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု’တည်ဆောက်ရေးအခန်းကဏ္ဍမှာ ပီပြင်စွာပါဝင်နိုင်ရန် အခြေအနေမရှိတော့သည့်အပြင် ဗဟိုချုပ်ကိုင်မှုစနစ် ကျင့်သုံးပြီး လက်ရှိအာဏာရပါတီ၏ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်လာရသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်ကြောင်း ရခိုင်အမျိုးသားပါတီ ထုတ်ပြန်
စက်တင်ဘာ ၂ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
စက်တင်ဘာ ၂ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
Published 4 September 2019
စိုးမင်းထိုက်၊ စည်သူ

တိုင်းရင်းသားများလိုလားသော ‘စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု’တည်ဆောက်ရေးအခန်းကဏ္ဍမှာ ပီပြင်စွာပါဝင်နိုင်ရန် အခြေအနေမရှိတော့သည့်အပြင် ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးပြီး လက်ရှိအာဏာရပါတီ၏ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်လာရသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီက သြဂုတ် ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်၊  ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံတို့အား ပူးပေါင်းကော်မတီတွင် ဆက်လက် မပါဝင်သင့်ဟု ပါတီမှသဘောထားပေးလာကြောင်း၊ ထို့အတွက် မိမိတို့၏ သဘောဆန္ဒနှင့်အညီ ပူးပေါင်းကော်မတီ၏ အဖွဲ့ဝင်များ အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌထံသို့ စက်တင်ဘာ ၃ ရက် ရက်စွဲဖြင့် တင်ပြထားကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက် ထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် အဆိုပြုချက်များအား ဆုံးဖြတ်ချက်ချမှတ် သည့်စနစ်မှာ အနိုင်ရအင်အားကြီးပါတီ တစ်ခု၏ သဘောထားအဆိုပြုချက်များကိုသာ မဲအသာစီးဖြင့် အတည်ပြုဆုံးဖြတ်သည့် စနစ်ဖြစ်နေသည့်အတွက် ရခိုင်အမျိုးသားပါတီနှင့်တကွ အခြားတိုင်းရင်းသားပါတီ များ၏ ပြင်ဆင်လိုသောအချက်များမှာ အတည်ပြုဆုံးဖြတ်ခြင်း မရရှိနိုင်တော့သည်ကို တွေ့မြင်လာခဲ့ရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၌ မိမိတို့ပါတီ အပါအဝင် အခြားတိုင်းရင်းသားပါတီများ လိုလားသည့် ‘စစ်မှန်သည့် ဖက်ဒရယ်ပြည် ထောင်စု’တည်ဆောက်ရေး အခန်းကဏ္ဍမှာ ပီပြင်စွာပါဝင်နိုင်ရန် အခြေအနေ မရှိတော့သည့်အပြင် ဗဟိုချုပ်ကိုင်မှုစနစ် ကျင့်သုံးပြီး လက်ရှိအာဏာရပါတီ၏တည်မြဲရေးကိုသာ ရည်ရွယ်နေသည်ကို တွေ့မြင်လာရကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့ စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် မိမိတို့ပါတီကိုယ်စားလှယ်နှစ်ဦးအား ဆက် လက်ပါဝင်ရန် မလိုအပ်တော့ဟု ရခိုင်အမျိုး သားပါတီအနေဖြင့် ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါ ကိုယ်စားလှယ်နှစ်ဦးပါဝင်နေခြင်းအား ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စအပေါ် ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက “ပါတီအမြင်အရ နုတ် ထွက်ခိုင်းလို့ နုတ်ထွက်လိုက်တာပါ။ နှစ်ယောက်စလုံး၊ ဆက်လက်ဆောင်ရွက်ရန် မသင့်သဖြင့်ဆိုပြီး ပါတီက မှတ်ချက်ပေး တာပါ။ သီးခြားမှတ်ချက်တော့ မပေးဘူး။ ဒီနေ့ရက်စွဲနဲ့ ပေးတာပါ။ ကိုယ်စားလှယ် အစားထိုးဖို့ မရှိပါဘူး။ ပူးပေါင်းကော် မတီဆီကိုတော့ နုတ်ထွက်မယ်ဆိုတာကို စာ တင်ပြီးပါပြီ ကော်မတီသက်တမ်း မကုန် သေးတဲ့အတွက် နောက်ပြီးတော့ ရပ်ထား ရမယ်။ လျှို့ဝှက်ထားရမယ်။ ကော်မတီနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ အပေါ် မှာ လျှို့ဝှက်ထားရမယ်ဆိုတဲ့။ မနေ့က ပြု လုပ်တဲ့ ပူးပေါင်းကော်မတီအစည်းအဝေးမှာ ဆိုရင် ဦးစိန်ဝင်း နုတ်ထွက်တာကို ခွင့်အနေ နဲ့ပြတယ်။ အဲဒီတော့ ဆိုင်ရာပုဂ္ဂိုလ်တစ် ဦးက ထောက်တယ်။ သူ နုတ်ထွက်ပြီးပြီ။ ဘာလို့ ခွင့်ပြုသလဲဆိုတော့ ပြည်ထောင်စု လွှတ်တော်က အတည်မပြုသမျှ ကော်မတီ ဝင်တွေ နုတ်ထွက်ကြပေမယ့် ကော်မတီက ဆက်သွားနေမှာပဲလို့ ခန့်မှန်းတယ်။ ကော် မတီအစည်းအဝေးမှာ တိုင်းရင်းသားတွေ အနေနဲ့ ပြောလို့တော့ရပါတယ်။ သို့သော်  Follow Up မလိုက်ဘူးပေါ့။ ကျွန်တော်တို့ တင်ပြလို့တော့ရတယ်။ ကျွန်တော်တို့ တင်ပြ ချက်ကို Action မယူဘူး။ အဲဒီတော့ အလကားဖြစ်တာပေါ့။ ပြောရရင်တော့ အဓိကကျတဲ့ အချက်တွေကို။ ကျွန်တော်တို့ ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးပတ်သက်လို့ အချက်ပေါင်း ၈၅၈ ချက်တင်ပြခဲ့တယ်။ အဲဒီထဲမှာ စတဲ့ အချက်ခြောက်ချက်လောက် စကိုင်ပြီ ပေါ့။ အဲဒီထဲမှာ ပုဒ်မခြောက်ခု။ အချက် ခြောက်ချက်ပေါ့။ သူတို့ရဲ့ အာဘော်အတိုင်း ပဲ။ ကျွန်တော်တို့ရဲ့ အာဘော်တွေက ပေါ် လာနိုင်စရာမရှိဘူး။ ကျွန်တော်တို့တင်ခဲ့တဲ့ အချက်တွေထဲမှာ အဓိကကတော့ ပြည်နယ် ဖွဲ့စည်းပုံကို သီးခြားဆွဲမယ်။ ပြည်ထောင်စု မှာ ထည့်မဆွဲဘူးဆိုတဲ့ အချက်က အဓိကကျ ပါတယ်။ ပြင်ဆင်ရန်ဆိုပြီး ထွက်လာမယ့် မူကြမ်းကို ပြည်သူက လက်ခံလောက်တဲ့ အနေအထားတော့ မရှိလောက်ဘူးတော့ ထင်တယ်။ တပ်မတော်နဲ့ သက်ဆိုင်တဲ့ကိစ္စ တစ်ခုကို မီဒီယာမှာပြောလို့ သတိပေးခံခဲ့ ရဖူးတယ်’’ဟု သတင်းထောက်များအား ပြောကြားသည်။

ထို့အတူ  သမိုင်းတရားခံ အဖြစ်မခံနိုင်၍ဟုဆိုကာ ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကလည်း စက်တင်ဘာ ၂ ရက်က နုတ်ထွက်စာ တင်ခဲ့သည်။