လှည်းကူးမြို့နယ် ညောင်နှစ်ပင်အထူးဇုန်များ ဖွံ့ဖြိုးရေးဆောင်ရွက်နေသဖြင့် ညောင်နှစ်ပင်စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုအထူးဇုန်အတွင်း မြေကွက်လက်ဝယ် ပိုင်ဆိုင်ထားသောလုပ်ငန်းရှင်များ စီမံခန့်ခွဲမှုကော်မတီသို့ ဆက်သွယ်ရန် ကြေညာ

လှည်းကူးမြို့နယ် ညောင်နှစ်ပင်အထူးဇုန်များ ဖွံ့ဖြိုးရေးဆောင်ရွက်နေသဖြင့် ညောင်နှစ်ပင်စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုအထူးဇုန်အတွင်း မြေကွက်လက်ဝယ် ပိုင်ဆိုင်ထားသောလုပ်ငန်းရှင်များ စီမံခန့်ခွဲမှုကော်မတီသို့ ဆက်သွယ်ရန် ကြေညာ
Published 3 September 2019

ရန်ကုန်တိုင်းဒေသကြီး (မှော်ဘီ/ လှည်းကူး)မြို့နယ်၊ ညောင်နှစ်ပင် အထူးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသဖြင့် ညောင်နှစ်ပင် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုအထူးဇုန်အတွင်း မြေကွက်လက်ဝယ် ပိုင်ဆိုင်ထားသောလုပ်ငန်းရှင်များ စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပြီး ဆက်သွယ်ရန် ညောင်နှစ်ပင်အထူးဇုန်(၁/၂/၃) စီမံ ခန့်ခွဲရေးကော်မတီမှ အသိပေးချက်ထုတ် ပြန်ကြေညာထားသည်။

ညောင်နှစ်ပင် အထူးဇုန်များဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်လျက်ရှိသဖြင့် မှော်ဘီ/လည်းကူးမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်း အထူးဇုန်(၁/၂/၃)အတွင်းရှိ လုပ်ငန်းရှင် များ၊ မြေကွက်လုပ်ကိုင်ခွင့် ရရှိထားသူများအနေဖြင့် စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ ညောင်နှစ်ပင်အထူးဇုန် (၁/၂/၃) စီမံခန့်ခွဲရေးကော်မတီသို့ ဆက်သွယ်ကြရန်နှင့် သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက မြေကွက် ခွင့်ပြုထားမှုအပေါ် စည်းကမ်းသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်သုံးသပ် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ညောင်နှစ်ပင် အထူးဇုန် (၁/၂/၃) စီမံခန့်ခွဲရေးကော်မတီ၊ မှော်ဘီ /လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မှ ကြေညာချက်ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ မြေဧက ၅၅၀ ကျော်ပေါ်၌ မြန်မာ-ကိုရီးယား ပူးပေါင်းဖွဲ့စည်းထားသည့် KMIC က ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်စီမံကိန်းကို လာမည့် ၂၀၂၅ ခုနှစ်အပြီး တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာ ဒေါ်လာသန်း ၁၂၀  ရင်း နှီးမြှုပ်နှံမယ့် စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Korean Land and Housing Corporation တို့ ပူးပေါင်းဖွဲ့ စည်းထားတဲ့ KMIC Development က ၂၀၂၅ ခုနှစ်မှာ အပြီးဆောင်ရွက်ရန် လျာထား ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း၊ မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သိရသည်။

“မြန်မာ-ကိုရီးယား နှစ်နိုင်ငံအတွက် အလွန်အရေးပါလှတဲ့ ပေါင်းစပ်မှုအဖြစ် KMIC Development Company Ltd ကို အတူတကွ ထူထောင်ဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတကာအဆင့်မီ KMIC စက်မှုဇုန်ထူထောင် မှုဟာ ရန်ကုန်တိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံရဲ့စက်မှုကဏ္ဍ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍ၊ လူ့စွမ်း အားအရင်းအမြစ်ကဏ္ဍ မြှင့်တင်ပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အပံ့များ ဖြစ်စေမယ်ဆိုတာ ယုံကြည်မျှော်လင့်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

နိုင်ငံတကာအဆင့်မီစက်မှုဇုန်ကြီးအဖြစ် ့ထူထောင်ဆောင်ရွက်မည့် KMIC ၏ အောင်မြင်မှု က ကိုရီးယားနှင့်မြန်မာနိုင်ငံတို့ အတူတကွပူးပေါင်း၍ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးနှင့်အနာဂတ်စက်မှုဇုန်များ ထူထောင်ရေး အတွက် အလားအလာကောင်းများနှင့် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် စက်မှုဇုန်အောင်မြင်ရေးအတွက် ဇုန်ပြင်ပအခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊ ရေ၊ လျှပ်စစ်တို့အတွက် နှစ်နိုင်ငံအစိုးရများက သဘောတူပြီးဖြစ်သည့် ကိုရီးယား EDCF ချေးငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

Most Read

Most Recent