၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသည့် ကြက်တောင်အားကစားမယ်သက်ထားသူဇာ ယခုလတွင် ပြိုင်ပွဲသုံးခု ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသည့် ကြက်တောင်အားကစားမယ်သက်ထားသူဇာ ယခုလတွင် ပြိုင်ပွဲသုံးခု ဝင်ရောက်ယှဉ်ပြိုင်မည်
Photos: Thet Htar Thuzar Facebook
Photos: Thet Htar Thuzar Facebook
Published 1 September 2019

သက်ထားသူဇာသည် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲပြီးပါက မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲနှစ်ခုတွင် ဆက်တိုက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 

၂၀၂၀ အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ယခုလတွင် ပြိုင်ပွဲသုံးခု ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် ဇူလိုင် နှင့် သြဂုတ်တွင် ဒိန်းမတ်နိုင်ငံ၌ လေ့ကျင့်နေစဉ်ကာလအတွင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုက်သင့်သည့်အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ သက်ထားသူဇာသည် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲပြီးပါက မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲနှစ်ခုတွင် ဆက်တိုက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ၌ စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် Future Series ကြက်တောင်ပြိုင်ပွဲ၊  စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက် အထိ ကျင်းပမည့် International Challange ကြက်တောင်ပြိုင်ပွဲတို့ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

"ကျွန်မသမီးအနေနဲ့ စက်တင်ဘာထဲမှာ နိုင်ငံတကာပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံမှာကျင်းပမယ့်ပြိုင်ပွဲပြီးရင် မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲနှစ်ခုကို ဆက်တိုက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Future Series ပြိုင်ပွဲနဲ့ International Challange ပြိုင်ပွဲမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့ ဒီနှစ်ထဲမှာ ပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်" ဟု သက်ထားသူဇာ၏မိခင် ဒေါ်ဝင်းပပထွန်းက ပြောကြားခဲ့သည်။ 

သက်ထားသူဇာသည် အိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ အစီအစဉ်ဖြင့် ဒိန်းမတ်နိုင်ငံ၌ လေ့ကျင့်နေစဉ်ကာလအတွင်း ပြိုင်ပွဲများ ဆက်တိုက် ယှဉ်ပြိုင်လျက်ရှိသည်။ သက်ထားသူဇာသည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် ချန်ပီယံဆုငါးကြိမ်အထိ ရယူနိုင်ခဲ့သည်။

 

Most Read

Most Recent