ဘာစီလိုနာဂျာစီအသစ်ဝတ်ထားသည့် နေမာ၏ဓာတ်ပုံကို စပွန်ဆာကုမ္ပဏီက Instagram တွင်တင်ပြီး မိနစ်ပိုင်းအကြာမှာပင် ပြန်ဖျက်ပစ်ခဲ့

ဘာစီလိုနာဂျာစီအသစ်ဝတ်ထားသည့် နေမာ၏ဓာတ်ပုံကို စပွန်ဆာကုမ္ပဏီက Instagram တွင်တင်ပြီး မိနစ်ပိုင်းအကြာမှာပင် ပြန်ဖျက်ပစ်ခဲ့
Photos: Getty Images,Instagram
Photos: Getty Images,Instagram
Published 1 September 2019

နာရီနှင့် ရတနာပစ္စည်းများရောင်းချ သည့် Giga Milano ကုမ္ပဏီသည် နေမာကို အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ထားပြီး  Instagram တွင် Live ထုတ်လွှင့်စဉ် ဘာစီလိုနာအသင်းဂျာစီ ဝတ်ဆင်ထားသည့် နေမာ၏ ဓာတ်ပုံကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

 

ဘာစီလိုနာအသင်းဂျာစီဝတ်ဆင်ထားသော နေမာ၏ဓာတ်ပုံကို စပွန်ဆာကုမ္ပဏီ ဖြစ်သည့် Giga Milano က  Instagram ၌တင်ခဲ့ပြီး မိနစ်ပိုင်းအကြာမှာပင် ပြန်ဖျက်ခဲ့ကြောင်း သိရသည်။

နာရီနှင့် ရတနာပစ္စည်းများရောင်းချ သည့် Giga Milano ကုမ္ပဏီသည် နေမာကို အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ထားပြီး  Instagram တွင် Live ထုတ်လွှင့်စဉ် ဘာစီလိုနာအသင်းဂျာစီ ဝတ်ဆင်ထားသည့် နေမာ၏ ဓာတ်ပုံကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ နေမာဝတ်ဆင် ထားသည့်ဂျာစီမှာ ယခုရာသီ ဝတ်စုံအသစ်ဖြစ်ပြီး Giga Milano ကုမ္ပဏီက မိနစ်ပိုင်းအကြာမှာပင် ပြန်ဖျက်ပစ်ခဲ့ကြောင်း သိရသည်။ 

သို့သော် မီဒီယာများက ယင်းဓာတ်ပုံကို အမိအရ Screenshot ရိုက်ယူထားပြီး နေမာနှင့် ဘာစီလိုနာအသင်း၏အပြောင်းအရွှေ့အပြီးသတ်ရန် နီးစပ်လာပြီဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။ PSG အသင်း အား ကစားဒါရိုက်တာ လီယိုနာဒိုကမူ ၎င်းအတွက် ကျေနပ်လောက်သည့် ကမ်းလှမ်းမှုမရှိသေးသဖြင့် မည်သည့်အသင်းနှင့်မျှ သဘောတူ ညီမှုမရထားကြောင်း မက်ဇ်အသင်းနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

" နေမာ နဲ့ပတ်သက်လို့ PSG ရဲ့ ရပ်တည်မှုက ရှင်းပါတယ်။ စိတ်ကျေနပ်လောက်စရာ ကမ်းလှမ်းမှုရလာရင် သူထွက်ခွာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေဖြစ်မလာသေးပါဘူး။ ညှိနှိုင်းဆွေးနွေးမှုတွေက ပျက်ပြယ်သွား တာမဟုတ်ပေမဲ့ အခုအချိန်အထိ သဘောတူညီမှုလည်းမရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တောင်းဆိုတဲ့ပမာဏ မရသေးလို့ပါ" ဟု လီယိုနာဒိုက ဆိုသည်။

ထို့အပြင် ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီကလည်း နေမာ၏အပြောင်း အရွှေ့အကြောင်း မေးခွန်းများ ဖြေကြားနေရသဖြင့် ပင်ပန်းနေပြီဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ " နေမာအကြောင်း ဒီထက်ပိုပြီး မပြောချင်တော့ပါဘူး။ သူက တခြားအသင်းရဲ့ ကစားသမားဖြစ်လို့ လေးစားမှုရှိရပါမယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent