ဘောလုံးမပေးခဲ့ခြင်းအတွက် ဆာလာကို မာနေ ဒေါသပေါက်ကွဲခဲ့သော်လည်း ပြဿနာမရှိဟု ကလော့ပ် ဆို

ဘောလုံးမပေးခဲ့ခြင်းအတွက် ဆာလာကို မာနေ ဒေါသပေါက်ကွဲခဲ့သော်လည်း ပြဿနာမရှိဟု ကလော့ပ် ဆို
Photos: Reuters, Sky Sports & EPA
Photos: Reuters, Sky Sports & EPA
Published 1 September 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘန်လေအား အနိုင်ရသည့်ပွဲတွင် ၎င်းအား ဘောလုံးမပေးခဲ့ခြင်းအတွက် ဆာလာကို မာနေ ဒေါသပေါက်ကွဲခဲ့သော်လည်း ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘန်လေအား အနိုင်ရသည့်ပွဲတွင် ၎င်းအား ဘောလုံးမပေးခဲ့ခြင်းအတွက် ဆာလာကို မာနေ ဒေါသပေါက်ကွဲခဲ့သော်လည်း ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။

ဘန်လေအား (၃-၀) ဂိုးဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် ဘန်လေအသင်း၏ ပယ်နယ်တီဧရိယာထဲတွင် တစ်ဦးတည်းလွတ်နေသည့် မာနေက ဘောလုံးပေးရန် တောင်းဆိုခဲ့သော်လည်း ဆာလာက ကိုယ်တိုင်ကန်သွင်းခဲ့ရာ လွဲချော်သွားခဲ့သည်။

မာနေသည် ဆာလာ၏ အဆိုပါလုပ်ရပ်ကို စိတ်ပျက်နေပြီး လူစားလဲချိန်တွင် ဒေါသပေါက်ကွဲခြင်းဖြစ်သည်။ ဒေါသပေါက်နေသည့် မာနေသည် အသင်းဖော်များဖြစ်သည့် ဖေမီနိုနှင့် ဂျိမ်းစ်မီလ်နာတို့က နှစ်သိမ့်ခဲ့ရသည်။ 

ယင်းပွဲအပြီးတွင် ကလော့ပ်က မာနေ ဒေါသထွက်ခြင်းမှာ လူစားလဲခံရ၍ မဟုတ်ကြောင်းနှင့် မာနေမှာ စိတ်ခံစားချက်ပြင်းထန်သည့် ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကလော့ပ်က "မာနေက စိတ်ခံစားချက်ပြင်းထန်တဲ့ သူပါ။ တစ်ခုခုကို သူ မကျေမနပ်ဖြစ်နေတာပါ။ ဒါပေမဲ့ သူ စိတ်ဆိုးတာက လူစားလဲခံရလို့ မဟုတ်ပါဘူး။ ပြီးတော့ ဒါက ပြဿနာကြီးတစ်ခုလည်း မဟုတ်ပါဘူး။ အဝတ်လဲခန်းထဲမှာ တိုင်ပင်ဆွေးနွေးလိုက်ရင် အားလုံးပြီးသွားမှာပါ" ဟု ဘန်လေနှင့်ပွဲအပြီးတွင် Sky Sports ရုပ်သံသို့ ပြောကြားခဲ့သည်။ 

မာနေသည် ဘန်လေအသင်းအား (၃-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လီဗာပူးလ်အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းမှာ အသင်းသမိုင်းတစ်လျှောက် ပထမအကြိမ်အဖြစ် ပရီးမီးယားလိဂ် (၁၃) ပွဲဆက်တိုက် အနိုင်ရသည့်စံချိန်ကို ရရှိခဲ့သည်။ 

လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါကမူ အဆိုပါဖြစ်ရပ်တွင် မာနေ ဒေါသထွက်သည်မှာ ဖြစ်သင့်ကြောင်းနှင့် ဆာလာအနေဖြင့် ကိုယ်တိုင်ဂိုးသွင်းလိုသည့် စိတ်များနေခဲ့ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

 

Most Read

Most Recent