အဆုံးသတ်ပိုင်း တိုးတက်ရန်လိုအပ်သည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား

အဆုံးသတ်ပိုင်း တိုးတက်ရန်လိုအပ်သည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား
Photos: Getty Images
Photos: Getty Images
Published 1 September 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ရလဒ်များဆိုးရွားနေသော်လည်း အသင်း၏ခြေစွမ်းပိုင်းမှာ အားရစရာကောင်းကြောင်းနှင့် အဆုံးသတ်ပိုင်း တိုးတက်ရန် လိုအပ်သည်ဟု ဆောက်သမ်တန်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ရလဒ်များဆိုးရွားနေသော်လည်း အသင်း၏ခြေစွမ်းပိုင်းမှာ အားရစရာကောင်းကြောင်းနှင့် အဆုံးသတ်ပိုင်း တိုးတက်ရန် လိုအပ်သည်ဟု ဆောက်သမ်တန်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားအဖွင့်ပွဲတွင် ချယ်လ်ဆီးအသင်းကို (၄) ဂိုးပြတ်အနိုင်ရခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် (၃) ပွဲတွင် (၁) ပွဲရှုံးပြီး (၂) ပွဲသရေကျကာ နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။ 

ဆိုးလ်ရှားက ပရီးမီးယားလိဂ်နောက်ဆုံး (၃) ပွဲတွင် မန်ယူအသင်း၏ ကစားပုံမှာ ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့သည့်ပွဲစဉ်ထက် ခြေစွမ်းပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

"နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲက ခြေစွမ်းဟာ ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ လိုချင်တဲ့ရလဒ်ကို မရတာကတော့ ထူးဆန်းတယ်လို့ ဆိုရမှာပါ။ ချယ်လ်ဆီးပွဲစဉ်တုန်းက ချယ်လ်ဆီးအသင်းက ကျွန်တော်တို့ကို ဖိကစားခဲ့ပြီး ကျွန်တော်တို့က တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့တာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲမှာတော့ ကျွန်တော်တို့က ပွဲကိုလွှမ်းမိုးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းမှာတော့ အားနည်းမှုတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ပယ်နယ်တီတွေ လွဲခဲ့သလို၊ အပိုင်ဂိုးသင့်တဲ့ အခွင့်အရေးတွေကိုလည်း လွဲချော်ခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာလည်း ကျွန်တော်တို့ နိုင်ခဲ့သင့်တာပါ။ အသင်းတိုက်စစ်က အဆုံးသတ်ပိုင်းမှာ တိုးတက်ဖို့လိုပါတယ်"ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

ထို့ပြင် ဆိုးလ်ရှားက ဆောက်သမ်တန်နှင့်ပွဲတွင် မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သည့် လူငယ်ကစားသမား ဒန်နီယဲလ်ဂျိမ်းစ်၏ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

အသက် (၂၁) နှစ်အရွယ်ရှိ ဝေးလ်စ်တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ်သည် ပြီးခဲ့သည့် ဇွန်လကမှ ဆွမ်ဆီးအသင်းမှ မန်ယူအသင်းသို့ ပေါင် (၁၅) သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ 

ဒန်နီယဲလ်ဂျိမ်းစ်သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းရရှိခဲ့သည့် သွင်းဂိုး (၇) ဂိုးတွင် (၃) ဂိုးကို သွင်းယူပေးထားသူလည်း ဖြစ်သည်။