ဆောက်သမ်တန်နှင့်ပွဲကို မာစီယဲလ်နှင့် လုခ်ရှော လွဲဲချော်မည်

ဆောက်သမ်တန်နှင့်ပွဲကို မာစီယဲလ်နှင့် လုခ်ရှော လွဲဲချော်မည်
Photo: Getty Images
Photo: Getty Images
Published 30 August 2019

မန်ယူအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဒဏ်ရာအသီးသီးရရှိခဲ့သည့် တိုက်စစ်ကစားသမား မာစီယဲလ်နှင့် နောက်ခံလူ လုခ်ရှောတို့မှာ ယခုတစ်ပတ်ကစားမည့် ဆောက်သမ်တန်နှင့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ 

ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်သည် ယင်းပွဲစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်နောက်ခံလူ လုခ်ရှောမှာမူ တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။   

မာစီယဲလ်မှာ ယခုရာသီတွင် ခြေစွမ်းပြနေပြီး လိဂ်(၃)ပွဲကစားခဲ့ရာ၌ (၂)ဂိုးသွင်းယူထားသည်။ 

လုခ်ရှောမှာလည်း ယခုရာသီတွင် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲစလုံး၌ ပါဝင်ကစားခဲ့သည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့်အပတ်က ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့သဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး အဓိကကစားသမားများဖြစ်သည့် မာစီယဲလ်နှင့် လုခ်ရှောတို့၏ ဒဏ်ရာပြဿနာမှာ နည်းပြ ဆိုးလ်ရှားအတွက် အခက်အခဲဖြစ်လာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၄) အဖြစ် စနေနေ့ (မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီ) တွင် ဆောက်သမ်တန်အသင်းကို အဝေးကွင်း၌ ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent